ဝက်လက်မြို့နယ် တိုက်ရွာတွင် စစ်ကော်မရှင်တပ်စစ်ကြောင်းက လူသတ်ပြီး နေအိမ်များကို မီးရှို့

ဝက်လက်မြို့နယ် တိုက်ရွာတွင် စစ်ကော်မရှင်တပ်စစ်ကြောင်းက လူသတ်ပြီး နေအိမ်များကို မီးရှို့

စစ်ကိုင်းတိုင်း ဝက်လက်မြို့ တိုက်ရွာ (အထက်) ရွာနှင့် (အောက်ရွာ) များကို စစ်ကော်မရှင်စစ်ကြောင်းက ၀င်ရောက်ပြီးနောက် ဒေသခံ ပြည်သူတဦးကို သတ်ဖြတ်ပြီး တိုက်ရွာ (အထက်) ရွာရှိ နေအိမ် အလုံး ၅၀ ခန့်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း Wetlet Information Network ထံမှ သိရသည်။

အင်အား ၁၀၀ခန့် ပါ စစ်ကော်မရှင်စစ်ကြောင်းသည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် တိုက်ရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး လူသတ် မီးရှို့မှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေသခံ လေးဦးကိုလည်း ဖမ်းဆီးထားကြောင်း Wetlet Information Network တာဝန်ခံ ကိုနဂါးလေးက ပြောသည်။

“တိုက်ရွာ ဉာဏ်ရည်မပြည့်၀ သူ ကိုနိုင်ဆိုတဲ့သူကို ပစ်သတ်ပြီး ရေထဲ ပစ်ချထားတယ်။ သက်ကြီးရွယ်အို သုံးဦးနဲ့ လူလတ်ပိုင်း တယောက်ကိုလည်း ဓါးစာခံအဖြစ် ခေါ်ထားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ရှိမက္ကားရဲစခန်းမှ ထွက်လာသည့်စစ်ကြောင်း နှင့် စဉ့်ကိုင်ဖက်မှ ထိုးလာသည့် စစ်ကြောင်း နှစ်ကြောင်း ပူးပေါင်း၍ ဝက်လက်နှင့် စစ်ကိုင်းအစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း နဂါးလေးက ဆိုသည်။

“မနေ့က တရက်တည်းပဲ တိုက်ရွာထဲကို တဖွဲ့ဝင်ပြီးတော့ စစ်ကိုင်းနယ်ထဲက တလိုင်းရွာထဲကို တဖွဲ့ဝင် နေအိမ်တွေကို မီးရှို့ သွားသေးတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ (စက်တင်ဘာလ ၁၂ ရက်) နံနက်ပိုင်းတွင် တိုက်ရွာအတွင်းမှ စစ်ကော်မရှင်စစ်ကြောင်း၏ အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ကိုင်းမြို့နယ် တလိုင်းရွာအတွင်းရှိ စစ်ကြောင်းမှာ တလိုင်းရွာမှ အနောက်တောင်ဖက်သို့ ဆက်လက် စစ်ကြောင်း ထိုးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့ များ အနေဖြင့် ဒေသခံပြည်သူများ ကိုကာကွယ်ပေးနိုင်ရေး ဦးစားပေးဆောင်ရွက်နေကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည့် ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများ ကို မကြာခဏ စစ်ကြောင်းထိုးခြင်း လေကြောင်းက နေ တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ့်ကျေးရွာ စာသင်ကျောင်းထဲသို့ ဂျက်ဖိုက်တာလေယာဉ် ဖြင့် ပေါင် ၃၀၀ ဗုံးသီးတလုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့ကလည်း ဝက်လက်နယ်အရှေ့ခြမ်းရှိ ကျေးရွာများဖြစ်သည့် သစ်ဆိပ့်၊ အင်ဒေါင်း၊ ရုံပင်ကုန်း၊ မင်းကုန်း၊ နဘဲပင်လှ၊ တပ်သာရွာများပေါ်သို့ ဗုံသီးချ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်တဦးအပါအဝင် လေးဦး သေဆုံးခဲ့သည်။

February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...
February 24, 2026
မောင်ခက်နွေ — စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက်...