ကျုံဒိုး-မြဝတီ အာရှလမ်းကို စစ်အုပ်စု အပြည့်အဝ မထိမ်းချုပ်နိုင်သလို တိုက်ပွဲများ ဆက်ဖြစ်နေ

ကျုံဒိုး-မြဝတီ အာရှလမ်းကို စစ်အုပ်စု အပြည့်အဝ မထိမ်းချုပ်နိုင်သလို တိုက်ပွဲများ ဆက်ဖြစ်နေ
Photo credit - CJ
Photo credit - CJ

ကျုံဒိုး-မြဝတီ အာရှလမ်းမတလျှောက်ကို အာဏာသိမ်း စစ်တပ်က အပြည့်အဝ မထိမ်းချုပ်နိုင်သေးသလို တော်လှန်ရေးတပ်များ ဖြတ်တောက် တိုက်ခိုက်မှုကြောင့် ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့ထိ လမ်းတလျှောက် နေရာ ၄ ခု၌ တိုက်ပွဲ များဖြစ်ပွားနေသေးသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ယနေ့နံနက်ပိုင်းထိ ရရှိထားသည့် သတင်းများအရ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်း လမ်းပြန်မဖွင့်နိုင်သေး သလို အနီးတဝိုက် ကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ကာ လမ်းမပေါ်စစ်ကြောင်း တက်နိုင် ရေး ကြိုးပမ်းနေသည်ဟု ကျုံဒိုး စစ်ရေးနယ်မြေ သတင်းရင်းမြစ်က ယခုလို ပြောသည်။

“ဖြစ်နေတာကတော့ ဆက်တိုက်ဘဲ။ အင်းကြီး၊ ကျုံဘိုင်း၊ ဗျက္ခသီလကုန်း၊ လှိုင်စိမ်း၊ မိချောင်းအင်းဘက်တွေကို လက်နက်ကြီး ဟောင်ဝှစ်ဇာပစ်တယ်၊ မစ်ဇိုင်းအစုံ ဘဲ ကျုံဒိုး၊ ၄၅၄-၅၄၆ (စစ်အုပ်စု ခြေမြန်တပ်ရင်း) တပ်နဲ့ ကော့ကရိတ်လှိုင်ဝ၊ ၉၇ တပ်တွေက ဆက်တိုက်ပစ် နေတာ။ မြေပြင်က စစ်သားအလုံးအရင်းနဲ့ တက်လာလိုက် ကျကုန်၊ ထိကုန်လိုက် ဖြစ်နေတယ်။ လမ်းပိုင်းကိုသူတို့ မတက်နိုင်ဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်ဘက်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး အာရှလမ်းသစ် ကော့ကရိတ် နယ်ဘက်တွင်လည်း စစ်တပ် စစ်ကြောင်းများနှင့် တိုက်ပွဲများ ဆက် ဖြစ်ပွားနေသည်ဟု သိရသည်။

“စစ်တပ်က ညီနောင်ဘက်ကို PC (ငြိမ်းချမ်းရေးကောင်စီ) တို့၊ BGF (ကရင်နယ်ခြားစောင့်တပ်)တို့ သယ်ပေးလို့ စစ်ကြောင်း ရောက်သွားတာဘဲ ရှိတာ။ အာရှလမ်းမ အလယ်ပိုင်း တောင်ကျောမှာက ပစ်ခတ်တာတွေ ရှိနေတယ်။

လမ်းဟောင်း၊ ကျောက်တစ်လုံး၊ တရုပ်ဖြူတောင်ကျော ဘက်လမ်းမှာ ပစ်နေတာတွေ ကျန်နေသေးတယ်။ လမ်း ပြန်မပွင့် သေးပါဘူး” ဟု အာရှလမ်း‌ရှေ့တန်းရှိ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

လတ်တလောတွင် စစ်တပ်က စက်တင်ဘာ ၉ ရက်နေ့တွင် အာရှလမ်းသစ် သင်္ဃန်းညီနောင်-ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းကို အများပြည်သူအသုံးပြုသွားလာနိုင်ရန် လမ်းပြန်ဖွင့်မည်ဟု ကုန်သည်နှင့် ခရီးသွားကားသမားများကို ပြောဆိုနေသော်လည်း လက်ရှိ စက်တင်ဘာ ၁၀ ရက် အထိ လမ်းပိုင်းအသုံးပြု သွားလာ၍ မရသေးကြောင်း ကုန်သည်နှင့် ယာဉ်မောင်းများ ထံမှ သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...