လွိုင်ကော်အရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ အိမ်ခြေ (၁၅၀) ဝန်းကျင် ရိက္ခာ ပြတ်လပ်နေ

လွိုင်ကော်အရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ အိမ်ခြေ (၁၅၀) ဝန်းကျင် ရိက္ခာ ပြတ်လပ်နေ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ အိမ်ခြေ (၁၅၀) ဝန်းကျင် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းကော်မတီ တာဝန်ရှိသူဆီကနေ သိရပါတယ်။

စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ စစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေဟာ များပြားလာပြီး ကုန်စည် လမ်းကြောင်း ပိတ်ဆို့ကုန်တာကြောင့် စစ်ရှောင် အိမ်ခြေ (၁၅၀) ဝန်းကျင် က စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ စစ်ရှောင်ကော်မတီ တစ်ဦးက အခုလို ပြောပါတယ်။

“အခုရက်ပိုင်းမှာ အသစ်ရောက်ရှိလာတဲ့ စစ်ရှောင်တွေအတွက် လိုအပ်ချက်များစွာ ရှိနေသလို ၊ လက်ရှိ ကုန်စည် စီးဆင်းလာတဲ့ လမ်းကြောင်းမရှိတော့တဲ့အတွက် ရိက္ခာတွေ ပြတ်လပ်နေတယ်။ လုံးဝ ရိက္ခာတွေ ပြတ်လပ်ပြီး ဒုက္ခရောက်နေကြတဲ့ စစ်ရှောင်မိသားစုတွေ အိမ်ခြေ (၁၅၀) ဝန်းကျင်လောက်ရှိတယ်” လို့ စစ်ရှောင်ကော်မတီ တစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ သူတွေဟာ တစ်ရက်ကို ပုံမှန် ထမင်းနှစ်နပ် သာ စားကြရတယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းအတွင်း အလှူရှင်တွေ တချို့ရောက်ရှိလာပေမယ့်လည်း စခန်းတစ်ခုလုံးကို မဖူလုံနိုင်တာကြောင့် ထပ်မံ တိုးလာတဲ့ စစ်ရှောင်တွေကိုသာ ဦးစားပေးနေကြရတာပါ။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ထပ်မံတိုးလာတဲ့ စစ်ရှောင် အိမ်ခြေ (၈၀) ရှိပြီး လူဦးရေ ၄၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာတော့ အိမ်ခြေ ၁၆၀၀ ရှိပြီး လူဦးရေ ၆၅၀၀ ဝန်းကျင် နေထိုင်ကြပါတယ်။

March 21, 2026
ကရင်နီက စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူအတွက် အထောက်အကူပြုစေတဲ့ သဘာဝမြေဩဇာတွေကို...
March 20, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာတရွာမှာ ကယန်း ( ကခေါင်း ) မျိုးနွယ်စုတို့...
March 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဆုအီဘာ (တောင်ယာမီးရှို့ခြင်း) နဲ့...
March 18, 2026
ကရင်နီပြည်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ထွက်ကုန်တွေထဲ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချမှုမှာ နှမ်း...