ပလက်ဝမြို့နယ်မှာ အင်တာနက်သုံးဖို့သွားတဲ့ ချင်းလူမျိုး ၄ ဦး စက်လှေမှောက်လို့ရေနစ်သေဆုံး

ပလက်ဝမြို့နယ်မှာ အင်တာနက်သုံးဖို့သွားတဲ့ ချင်းလူမျိုး ၄ ဦး စက်လှေမှောက်လို့ရေနစ်သေဆုံး
Photo - CW
Photo - CW

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခွေးခေါင်းရွာနေ ဂါရာပြင်ရွာကို အင်တာနက် Starlink သုံးဖို့သွားခဲ့ကြတဲ့ ကလေး ၁ ဦးအပါ ဒေသခံ လေးတူချင်းလူမျိုး ၄ ဦးဟာ သြဂုတ်လ ၁၆ ရက်နေ့က စစ်လှေမှောက်လို့ ရေနစ်သေဆုံးခဲ့ပြီး အလောင်း ၃ လောင်းကို ရှာတွေ့ပေမယ့် နောက်တစ်လောင်းကိုတော့ အခုထိ ရှာနေကြတုန်းလို့ ပလက်ဝ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ စနေနေ့က ခွေးခေါင်းရွာကနေ ဂါရာပြင်ရွာကို Starlink သွားသုံးကြတာ ၈ ယောက် ၊ ၄ ယောက်က ရေနစ်သေတယ် ၊ ရေနစ်သေသွားတဲ့ သူတွေ ၃ ယောက်ရဲ့ အလောင်းကိုတော့ ရှာတွေ့ပြီ နောက် ၁ လောင်းကိုတော့ ရှာနေကြတုန်းဖြစ်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသွားသူတွေထဲက ဦးစိုးနိုင်အောင် (၃၁) နှစ် ရဲ့အလောင်းကိုတော့ ရခိုင်ပြည်နယ်၊ ချိတ်ချောင်းကျေးရွာဆိပ်ကမ်းမှာ တွေ့ခဲ့ပြီး ဦးစိုးနိုင်ရဲ့ဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး အလောင်းကိုတော့ ရခိုင်ပြည်နယ်၊ ဘုရားကြီးဆိပ်ကမ်းမှာ တွေ့ခဲ့သလို၊ ဦးစိုးနိုင်အောင် သမီးဖြစ်သူ ၁ နှစ် ၇ လအရွယ် အလောင်းကိုတော့ ပလက်ဝမြို့နယ်၊ ကြက်ဖတောင်ဆိပ်ကမ်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေနစ်သေဆုံးသူတွေထဲက အလောင်း ၁ လောင်းကိုတော့ ဒီကနေ့ချိန်ထိ ရှာမတွေ့သေးဘဲ ဒေသခံတွေက ဆက်လက်ရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...
January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...
January 22, 2026
ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ်...
January 20, 2026
ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန်...