ပလက်ဝမြို့နယ်မှာ အင်တာနက်သုံးဖို့သွားတဲ့ ချင်းလူမျိုး ၄ ဦး စက်လှေမှောက်လို့ရေနစ်သေဆုံး

ပလက်ဝမြို့နယ်မှာ အင်တာနက်သုံးဖို့သွားတဲ့ ချင်းလူမျိုး ၄ ဦး စက်လှေမှောက်လို့ရေနစ်သေဆုံး
Photo - CW
Photo - CW

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခွေးခေါင်းရွာနေ ဂါရာပြင်ရွာကို အင်တာနက် Starlink သုံးဖို့သွားခဲ့ကြတဲ့ ကလေး ၁ ဦးအပါ ဒေသခံ လေးတူချင်းလူမျိုး ၄ ဦးဟာ သြဂုတ်လ ၁၆ ရက်နေ့က စစ်လှေမှောက်လို့ ရေနစ်သေဆုံးခဲ့ပြီး အလောင်း ၃ လောင်းကို ရှာတွေ့ပေမယ့် နောက်တစ်လောင်းကိုတော့ အခုထိ ရှာနေကြတုန်းလို့ ပလက်ဝ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ စနေနေ့က ခွေးခေါင်းရွာကနေ ဂါရာပြင်ရွာကို Starlink သွားသုံးကြတာ ၈ ယောက် ၊ ၄ ယောက်က ရေနစ်သေတယ် ၊ ရေနစ်သေသွားတဲ့ သူတွေ ၃ ယောက်ရဲ့ အလောင်းကိုတော့ ရှာတွေ့ပြီ နောက် ၁ လောင်းကိုတော့ ရှာနေကြတုန်းဖြစ်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသွားသူတွေထဲက ဦးစိုးနိုင်အောင် (၃၁) နှစ် ရဲ့အလောင်းကိုတော့ ရခိုင်ပြည်နယ်၊ ချိတ်ချောင်းကျေးရွာဆိပ်ကမ်းမှာ တွေ့ခဲ့ပြီး ဦးစိုးနိုင်ရဲ့ဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး အလောင်းကိုတော့ ရခိုင်ပြည်နယ်၊ ဘုရားကြီးဆိပ်ကမ်းမှာ တွေ့ခဲ့သလို၊ ဦးစိုးနိုင်အောင် သမီးဖြစ်သူ ၁ နှစ် ၇ လအရွယ် အလောင်းကိုတော့ ပလက်ဝမြို့နယ်၊ ကြက်ဖတောင်ဆိပ်ကမ်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေနစ်သေဆုံးသူတွေထဲက အလောင်း ၁ လောင်းကိုတော့ ဒီကနေ့ချိန်ထိ ရှာမတွေ့သေးဘဲ ဒေသခံတွေက ဆက်လက်ရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။

Most read this week

July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...