လားရှိုးမြို့ မိသားစု ၄လောင်းပြိုင် သေဆုံးမှုဖြစ်

လားရှိုးမြို့ မိသားစု ၄လောင်းပြိုင် သေဆုံးမှုဖြစ်
Photo credit - လူမှုကယ်ဆယ်ရေးအသင်း
Photo credit - လူမှုကယ်ဆယ်ရေးအသင်း

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ (သြဂုတ် ၁၀)ရက် ညနေ ၄နာရီဝန်းကျင်၌ မိသားစုဝင် လေးလောင်းပြိုင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

လားရှိုးမြို့ ရပ်ကွက် (၇)တွင် ယမန်နေ့ (သြဂုတ် ၁၀)ရက် ညနေ ၄နာရီ ဝန်းကျင်တွင် မိခင်ဖြစ်သူ အပြင်သွားနေစဉ် ဖခင်နှင့် ကလေး ၃ဦးသည် ကြွက်သတ်ဆေး သောက်ဆုံးခဲ့ပြီး၊ လေးဉီးစလုံးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“သူ့မိန်းမကတော့ အစောကြီး တောင်ယာသွားလိုက်တာ။ကြွက်သတ်ဆေးကြောင့် ကလေး ၃ ယောက်နဲ့ အဲ့ကလေးရဲ့ အဖေကတော့ ဆုံးသွားတယ်။ အကြွေးကိစ္စနဲ့လိုတော့ ပြောကြတာတယ်”ဟု လားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

ထိုသေဆုံးသွားသည့် ကလေး ၃ ဦးသည် အသက် ၁၂ နှစ်အရွယ်၊ ၁၀ နှစ်အရွယ် နှင့် ၈ နှစ်အရွယ်ဝန်းကျင် ဖြစ်‌ကြောင်း သိရသည်။

လားရှိုးမြို့သည် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ရေးပဋိပက္ခကြုံတွေ့နေရသည့် မြို့ဖြစ်ပြီး၊ စစ်ရေးဒဏ်ကြောင့် လားရှိုးမြို့ခံများ လုပ်ငန်းကို ကောင်းမွန်စွာ မလည်ပတ်နိုင်သေးဘဲ စားဝတ်နေရေးအတွက် အကြပ်အတည် ဖြစ်ပွားနေသေးသည်။ 

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ဧပြီ ၂၂ ရက်တွင် ပြန်လည်ဝင်ရောက်ထိန်းချုပ်ခဲ့သော်လည်း လက်ရှိမှာ စစ်ရေးပဋိပက္ခငြိမ်သက်နေသော်လည်း ရှာဖွေစားသောက်မှု ခက်ခဲနေသေးသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...