မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ကြား စစ်ရေးပဋိပက္ခတွင် ပါဝင်ခြင်း မရှိဟု ULA/ AA ပြော

မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ကြား စစ်ရေးပဋိပက္ခတွင် ပါဝင်ခြင်း မရှိဟု ULA/ AA ပြော

ချင်းပြည်နယ်၊ မရာဒေသအတွင်းရှိ မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) နှင့် IMC/ CDF – Mara တို့၏ စစ်ရေးပဋိပက္ခတွင် အာရက္ခတပ်တော် (ULA/ AA) အနေဖြင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ULA/ AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက်တွင် အွန်းလိုင်မှ ပြုလုပ်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

“မရာနယ်မြေမှာ MDF ဘက်ကနေပြီး AA က စစ်ကူတိုက်တယ်ဆိုပြီး စွပ်စွဲတဲ့ ကိစ္စပေါ့။ ဒီဟာက လုံးဝ အခြေအမြစ်မရှိ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီလိုစွပ်စွဲချက်တွေကို ဘာရည်ရွယ်ချက်နဲ့ ပြောနေလဲ ဆိုတာကိုတောင်မှ ကျနော်ကပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ကျနော်တို့ ULA/ AA သာ ဝင်ပြီး MDF ဘက်က တိုက်တယ်ဆိုရင် အခု စွပ်စွဲနေတဲ့ အဖွဲ့အစည်းရဲ့ ဌာနချုပ်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဒီအချက်က လုံးဝ ကျနော်တို့ သေချာပေါက် ပြောနိုင်တာပါ။ အဲဒါကြောင့် ကျနော်တို့ ULA/ AA ဟာ အခု ချင်းတွေဖြစ်နေတဲ့ သူတို့ရဲ့အတွင်းရေး ကိစ္စတွေမှာ ကျနော်တို့အနေနဲ့ လုံးဝ ပါဝင် ပတ်သက်မှု မရှိပါကြောင်း ပြောကြားချင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) သည် အင်အား ၂၀၀ ဝန်းကျင်းဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ်ကြောင်းထိုး လာပြီး IMC/ CDF – Mara ဌာနချုပ်အနီးနားရှိ ကျေးရွာများကို ဝိုင်းဝန်းပိတ်ဆို့ ထားသည်ဟု IMC/ CDF – Mara ပြောရေး ဆိုခွင့်ရှိသူထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်က ဆော်မှိန်တိုက်နယ်၊ ဖန်တလန်ကျေးရွာက ၃ နေရာတွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်း မာလျက်ရှိကြောင်း၊ MTC/ MDF နှင့်အတူ ULA/AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ခိုနူမ်းသုန်ကို ဖြေကြားထားသည်။

မရာလက်နက်ကိုင်နှစ်ဖွဲ့၏ ပဋိပက္ခတွင် MTC/ MDF သည် ၎င်းတို့ကို ထောက်ခံသော ကျေးရွာများကို လှည့်လည် ကွင်းဆင်း နေခြင်းဖြစ်ပြီး ULA/ AA တပ်ဖွဲ့ဝင်များ ပါဝင်ခြင်း မရှိကြောင်း MTC/ MDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ဖြေကြားထား သည်။

ချင်းပြည်နယ်က ချင်းကာကွယ်ရေးတပ်ဖွဲ့များကို ULA/ AA အနေဖြင့် စစ်ရေးအကူအညီများ ပေးအပ်နေခြင်းသည် စစ်ကောင်စီကို တိုက်ထုတ်ရန် ဖြစ်သည်ဟု ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“ချင်းညီအစ်ကိုတွေကို ကျနော်တို့ ULA/ AA က အကူအညီပေးနေတယ်ဆိုတာ အကြမ်းဖက် ဖက်ဆစ်

စစ်ကောင်စီကို ချင်းပြည်ထဲက မောင်းထုတ်ဖို့အတွက် ကျနော်တို့ စေတနာသန့်သန့်နဲ့ အကူအညီပေးနေတာ ဖြစ်ပါတယ်။ ချင်းတွေရဲ့ အတွင်းရေးထဲမှာ ကျနော်တို့အနေနဲ့ လုံးဝ ပါဝင်ပတ်သက်မှု မရှိဆိုတာကို ကျနော် ဖြေကြားချင်ပါတယ်” ဟု ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ချင်းပြည်နယ်က ချင်းတော်လှန်ရေး အင်အားစုများဖြစ်သည့် ချင်းညီနောင်အဖွဲ့ (CB) သည် ULA/ AA နှင့် မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေပြီး ULA/ AA က ချင်းညီနောင်၏ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများတွင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း သိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...