ကလေးတောင်ပိုင်း၊ ကြံသာမှာ တိုက်ပွဲများ ဖြစ်ပွားနေ

ကလေးတောင်ပိုင်း၊ ကြံသာမှာ တိုက်ပွဲများ ဖြစ်ပွားနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာရွာတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု CDF – KKG ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဩဂုတ်လ ၂ ရက်မှ စတင်၍ စစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းများ ခွဲ၍ တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကြံသာရွာကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားသည်။

“ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ၊၊ စစ်ကောင်စီက ကြံသာကို ပြန်လိုချင်လို့ ထိုးစစ်ဆင်လာတာပါ။ အထက်က ကြံသာကို ပြန်ရဖို့ ဖိအားပေးလာတာပါ။ အင်အားက 200 ခန့်ဖြစ်မယ်။ အင်အားတိကျတော့ မသိရပါဘူး။ အဓိကက ကျနော်တို့က ကြံသာမှာဘဲ ထိုင်ထားတော့ ကြံသာကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့သဘောပါပဲ။ အခုကတော့ တိုက်ပွဲက ပြန်ငြိမ်နေပါတယ်” ဟု CDF – KKG ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဟံသာဝတီကျေးရွာကို အခြေခံပြုပြီး စစ်ကြောင်းထိုးလာနေသည့် စစ်ကောင်စီတပ်နှင့် ဩဂုတ်လ ၂ ရက်က တရက်လုံး တိုက်ပွဲ ပြင်းထန်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်က စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်များ အခြေစိုက်ထားသည့် ကလေး- ဂန့်ဂေါ်လမ်းပေါ်က ကြံသာရွာစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိအချိန်ထိ ထိန်းချုပ်တပ်စွဲထားသည်။

ကလေး- ဂန့်ဂေါလမ်းပိုင်းကြားရှိ ကမ်းပါးနီစခန်း၊ မှန်တောနှင့် အောင်သာယာ အပါအဝင် စခန်း ၅ ခုနှင့် ကျေးရွာ ၃ ရွာတို့ကို CDF KKG ၏ Major Operationအဖြစ် ဖော်ဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက် နိုင်ခဲ့သည်။

စစ်ကောင်စီသည် ဟံသာဝတီကို အမာခံအခြေပြုပြီး ကလေး - ဂန့်ဂေါလမ်းပိုင်းကြားက လက်လွတ်ထားရသော စခန်းများကို ပြန်လည် ရရှိရေး စစ်ကြောင်းထိုးမှုများ ပြုလုပ်နေရာ မေလမှ စတင်၍ ၃ လအတွင်း ထိတွေ့တိုက်ပွဲ ပေါင်း ၂၀ ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...