လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တီးတိန်မြို့တွင် ကုန်ဈေးနှုန်းမြင့်တက်နေဆဲ

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တီးတိန်မြို့တွင် ကုန်ဈေးနှုန်းမြင့်တက်နေဆဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသ အဓိကဆက်သွယ်ထားသည့် ကလေး -သိုင်းငင်းကားလမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့က ဆက်လက်ပိတ်ထားခြင်းကြောင့် တီးတိန်မြို့ပေါ်တွင် ကုန်ဈေးနှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက “အဓိက ရှုခင်းသာဖက်ကနေ လမ်းပိတ်ထားတယ်။ လမ်းအရမ်းဆိုးတော့ ကားတွေကလည်း (၁)ရက်နဲ့ မရောက်တော့ဘူး (၂) ရက် (၃) ရက်လောက် ကြာတယ်။ ပိမ်းပိလမ်းဖက်မှာ ကားတွေက နစ်တာကိုး။ တန်ဆာလဲတော်တော်လေး တက်သွားတယ်။ စားကုန်တွေက တော်တော်လေး ဈေးတက်သွားတယ်။ တခါတလေ ကြက်သား ပြတ်လိုက်၊ ကြက်ဥ ပြတ်လိုက်နဲ့ အဲ့လိုမျိုး တွေရှိတယ်။ ဆန်ဆိုရင် အရင်တုန်းက အများဆုံး (၁) သိန်းခွဲ လောက်ပဲရှိတာ။ တက်တာကတော့ အကုန်လုံးကို တက်နေတော့တာ။” ဟု ပြောသည်။

ဇူလိုင် ၁၇ ရက်နေ့မှ စတင်ပြီး ကလေး- သိုင်းငင်း လမ်းမကြီးအား ခရီးသွားပြည်သူများ ပြန်လည် အသုံးပြု သွားလာနိုင်ပြီဖြစ်ကြောင်း CDF- CDM Siyin က ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဖက်က ဆက်လက် ပိတ်ထားဆဲဖြစ် သောကြောင့် ချင်းပြည်နယ်မြောက်ပိုင်းတွင် ကုန်ဈေးနှုန်းမြင့် တက်ခြင်း၊ ခရီးကြန့်ကြာခြင်းများ ကြုံတွေ့နေကြရ ခြင်းဖြစ်သည်။

တီးတိန်မြို့ပေါ်တွင် ယခင် ဆန်တအိတ်လျှင် (၁၂၀,၀၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ကြသော်လည်း လက်ရှိတွင် ဧရာမင်း ကော်ချက် ဆန်အသစ် တအိတ်လျှင် (၁၅၀,၀၀၀) ကျပ်၊ ဧရာမင်း ကော်ချက် ဆန် အဟောင်း တအိတ်လျှင် (၁၈၀ ,၀၀၀) ကျပ်၊ ကြက်ဥ တလုံး (၁,၀၀၀) ကျပ်၊ ကြက်သား ၁ ပိဿာ (၃၀,၀၀၀) ကျပ်၊ နွားနောက်သား ၁ ပိဿာ (၃၀,၀၀၀) ကျပ်၊ ဝက်သား ၁ ပိဿာ (၄၅ ,၀၀၀) ကျပ် တို့ဖြင့် ဝယ်ယူစားသုံးကြရသည်။

တီးတိန်မြို့ပေါ်တွင် ယခင်ထက် ကုန်ကားဝင်ရောက်မှုနည်းပါးမှုကြောင့် မြို့ခံများသည် ကွင်းလမ်းအသုံးပြုကာ ကလေးမြို့သို့ ဆိုင်ကယ် ကယ်ရီဖြင့် ကုန်ပစ္စည်းများကို သယ်ယူကြရကြောင်း တီးတိန်မြို့ခံကပြောသည်။

လက်ရှိတွင် ချင်းတောင်ဖက်တက်သည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်ငယ်များသည် ကွင်းလမ်း ဖြစ်သည့် ပိမ်းပိလမ်းနှင့် ကုန်ပစ္စည်း တင်ဆောင်သည့် ကုန်ကားကြီးများသည် ဝေဘူလ- ဗားရ် လမ်းပိုင်း အသုံးပြုနေကြရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...