CDF - မရာထိန်းချုပ်ဒေသကို သိမ်းနိုင်ရန် MDF နှင့် မဟာမိတ်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေဟု ဆို

CDF - မရာထိန်းချုပ်ဒေသကို သိမ်းနိုင်ရန် MDF နှင့် မဟာမိတ်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေဟု ဆို

ချင်းပြည်နယ်၊ မရာဒေသတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ် (MTC/ MDF) နှင့် မဟာမိတ်တပ်များသည် IMC/ CDF - မရာ ဌာနချုပ်ကို သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက်အထိ MTC/ MDF နှင့် အာရက္ခတပ်တော် ULA/ AA ပူးပေါင်းတပ်ဖွဲ့သည် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ IMC/ CDF - မရာ ဌာနချုပ် မကျစေရေးအတွက် ပြည်သူများနှင့် ပူးပေါင်းပြီး ရရာလက်နက်များဖြင့် ခုခံကာကွယ်လျက်ရှိသည်ဟု IMC/ CDF - မရာက ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်သည်။

CDF - မရာဌာနချုပ်ကို သိမ်းပိုက်နိုင်ရန်နှင့် ချင်းပြည်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန် လမ်းကြောင်း ဖောက်ထွင်းနိုင်ရေး ရည်ရွယ်၍ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု IMC/ CDF - မရာထံမှ သိရသည်။

MDF နှင့် ULA/ AA တပ်ဖွဲ့များသည် မူလယာယီစခန်းဖြစ်သော အောက်လာအိုကျေးရွာမှ အင်အား အလုံးအရင်းဖြင့် တက်လာပြီး ဇူလိုင်လ ၃ ရက်တွင် အထက်လာအိုကျေးရွာအနီးရှိ CDF- မရာစခန်းနှင့် ၁ မိုင်ခန့်အထိ စစ်ကြောင်းထိုးလာသည်ဟု သိရသည်။

MDF နှင့် ပူးပေါင်းတပ်ဖွဲ့သည် IMC/ CDF - မရာ ဌာနချုပ် ဧရိယာသို့ အင်အား ၂၀၀ ခန့်ကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ဇူလိုင်လ ၁၄ ရက် နေ့လယ် ၁၂ ခန့်တွင် ဖာရ်တလန်ရွာအနီး ၃ နေရာမှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသည်ဟု IMC/ CDF - မရာ ထံမှ သိရသည်။

ယမန်နေ့အထိလည်း နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု IMC/ CDF - မရာ က ထုတ်ပြန်သည်။

မရာလူမျိုးအချင်းချင်းအကြား ပဋိပက္ခ ပိုမိုကြီးထွားအောင် ချင်းညီနောင် (CB) နှင့် ULA/ AA တပ်ဖွဲ့များက MDF ဖက်ကို တဖက်သတ်ရပ်တည်ပြီး စစ်အင်အား၊ လက်နက်အင်အားဖြင့် ကူညီပေးနေသည်ဟုလည်း IMC/ CDF - မရာ ၏ ထုတ်ပြန်ချက်အရ သိရသည်။

မရာဒေသပဋိပက္ခတွင် MTC/ MDF တပ်ဖွဲ့ကို CB နှင့် ULA/ AA က အကူအညီပေးနေမှုနှင့် ယင်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ MTC/ MDF နှင့် IMC/ CDF - မရာ တပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

MTC/ MDF နှင့် ULA/ AA ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအကြား စစ်ရေးပွတ်တိုက်မှု မရှိအောင် IMC/ CDF - မရာ ဌာနချုပ် ဧရိယာမှ အမြန်ဆုံး တပ်ဆုတ်သွားပေးရန် IMC/ CDF - မရာ က တောင်းဆိုထားသည်။

April 21, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်း အထန် ထိုးစစ်ဆင်နေသည့်...
April 20, 2026
တော်လှန်ရေးကာလ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသည့်...
April 11, 2026
ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်...
April 10, 2026
ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို...