ဖယ်ခုံအရှေ့ဘက်ကမ်းမှာ ဒေသခံတစ်ချို့ ပိတ်မိနေ

ဖယ်ခုံအရှေ့ဘက်ကမ်းမှာ ဒေသခံတစ်ချို့ ပိတ်မိနေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နဲ့ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီး တစ်လျှောက်လုံးကို စစ်ကောင်စီ ထိန်းချုပ်ထား လိုက်ပြီဖြစ်တာကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာဒေသခံတွေဟာ တိုက်ပွဲရှောင်တိမ်းနိုင်တဲ့ လမ်းတွေမရှိတော့ပဲ ပိတ်မိနေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ယမန်နေ ဇူလှိုင်လ (၁၀) ရက်နေ့ ညနေပိုင်းကစပြီး ထွက်လမ်းတွေ ပိတ်သွားတာကြောင့် ထွက်လို့မရတော့ဘူးလို့ ကျေးရွာမှာ ကျန်ရှိနေခဲ့တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ထွက်လို့ မရတော့ဘူး။ အခုက လမ်းက ပိတ်သွားပြီ။ မနေ့ညကစပြီးတော့ သူတို့ လမ်းပိတ်သွားပြီဆိုတော့ ထွက်လို့ မရတော့ဘူး” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

လမ်းမပိတ်ခင် အချိန်အတွင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကယ်ထုတ်ပေးခဲ့ပေမယ့် မထွက်ခွာနိုင်သူ ဒေသခံတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

“မနေ့ကတော့ ကယ်ဆယ်ရေး တချို့သွားကြတယ်။ သွားတဲ့ တချို့လည်း ပိတ်မိပြီး ကျန်နေခဲ့တာရှိတယ်။ ဒီနေ့တော့ လုံးဝ မရတော့ဘူး။ လမ်းက လုံးဝပိတ်သွားပြီ” လို့ ကယ်ဆယ်ရေး ပြုလုပ်နေသူ တစ်ဦးက ပြောပါတယ်။

ကယ်ဆယ်ရေးတွေနဲ့အတူ လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးမှာတော့ ထွက်လာတဲ့ လမ်းခရီး တစ်လျှောက်မှာ လက်နက်ကြီး ပစ်ခတ်ခံရတာရှိပြီး အန္တာရာယ်များသလို ကျန်နေသေးတဲ့ ဒေသခံတွေမှာလည်း ထွက်လာဖို့အတွက် ကား၊ ဆိုင်ကယ် မရှိကြတာများတယ်လို့ ဆိုပါတယ်။

“ထွက်လာတုန်းကတော့ တော်တော်လေးကို ခက်ခဲတယ်။ ကား၊ ဆိုင်ကယ်ရှိသူတွေကတော့ ကိုယ်တိုင် ထွက်နိုင်ပေမယ့် မရှိတဲ့ သူတွေကျတော့ ကယ်ဆယ်ရေးကားတွေကို စောင့်ဆိုင်းပြီး ထွက်လာရတယ်” လို့ အဆိုပါ ကယ်ဆယ်ရေးပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မိုးဗြဲ၊ လွိုင်ကော်လမ်းမကြီးကို ထိန်းချုပ်ထားသလို ဖယ်ခုံအရှေ့ဘက်ကမ်းမှာလည်း စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်တို့ရဲ့ ထိုးစစ်တွေဟာ ဆောင်နန်းခဲကျေးရွာအတွင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဖယ်ခုံ အရှေ့ဘက်ကမ်းမှာ ကျန်ရစ်နေတဲ့ ပိတ်မိနေသူအရေအတွက်ကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...