စစ်ကိုင်းတိုင်း၊ လင်းတလူးကျေးရွာ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ၍ စစ်ဘေးရှောင် ၃၀ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ လင်းတလူးကျေးရွာ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ၍ စစ်ဘေးရှောင် ၃၀ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာတွင် စစ်ဘေးရှောင်များနေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၃၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ထံမှ သိရသည်။

အဆိုပါ လင်းတလူးကျေးရွာဘုန်းကြီးကျောင်းကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူလည်း များပြားသောကြောင့် သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း သိရှိရသည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “ဗုံးကြဲခံရလို့သေဆုံးတဲ့အထဲမှာ ကလေးငယ်တွေပါဝင်သလို လူကြီးတွေလည်း ပါတယ်။ ကင်းထောက်လေယာဉ် စစ်ကိုင်းမြို့နယ်ကို ပျံဝဲခဲ့နေတာ ဒီကနေ့ ဗုံးကြဲခဲ့တယ်။ တော်တော်ရက်စက်တဲ့သူတွေ။ စစ်ရှောင်တွေမှာ ဘာအပြစ်မှမရှိဘူး” ဟု ပြောသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းကို ကယ်ဆယ်ရေးလုပ်ဆောင်နေပြီး ဒဏ်ရရာသူများအား ဆေးကုသရန်ခက်ခဲနေကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း “ဒီနေ့ ၁၁.၇.၂၀၂၅ မနက် ၁ နာရီခန့်မှာ စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်တွေရှိရာ ဘုန်းကြီးကျောင်း ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခံရ။ လောလောဆယ် စစ်ဘေးရှောင် ကလေး လူကြီး စုစုပေါင်း ၃၀ ခန့်သေဆုံး။ နောက်ထပ်သေဆုံးများရှိနိုင်သလို ဒဏ်ရာရလည်းများပြားနိုင်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒဏ်ရရှိသူများကို ဆေးဝါးကုသမှုတချို့ လုပ်ဆောင်ပေးနေသော်လည်း ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သော ဆရာဝန်၊ သူနာပြု လိုအပ်ချက်ကြီးမားနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ နောက်ထပ် လေကြောင်းမှ ဗုံးထပ်ကြဲမည့်အန္တရာယ်ကို ဒေသခံများ စိုးရိမ်နေကြရကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...