စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့်ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ

စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့်ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ

စစ်ကောင်စီထိန်းချုပ်ဆဲ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ခိုးမှု၊ လုယက်မှု၊ ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက် ခြိမ်းခြောက်မှု စသည့်ရာဇဝတ်မှုများ ထူပြောလာနေသော်လည်း ထိန်းချုပ်မှုကင်းမဲ့နေကြောင်း မြို့ခံများက DMG ကို ပြောသည်။

DMG က စုံစမ်းမှုအရ ပြင်ဖြူမော်ရပ်ကွက်၊ ကုလာဘာတောင်၊ င/လပွေ့၊ အလယ်ပိုင်းနှင့် အစိုးရရပ်ကွက်တို့တွင် ဇွန်လအတွင်း ဖုန်းနှင့် ပိုက်ဆံအိတ်လုယက်ခံရမှု ၁၂ မှုအထိ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ တပ်နှင့်ရဲများမှာ မြို့ပေါ်လမ်းဆုံများတွင် ကင်းချကာ လမ်းသွားလမ်းလာများကို ရှောင်တခင် စစ်ဆေးခြင်း၊ နေအိမ်များကို ဧည့်စာရင်းဝင်ရောက် စစ်ဆေးခြင်းတို့ကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး ဒေသခံများမှတိုင်ကြားသည့် ရာဇဝတ်မှုများကို လျစ်လျူရှုထားကြသည်ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက “ရဲနဲ့စစ်သားတွေက AA နဲ့ကိစ္စကလွဲရင် ဘာအမှုကိုမှ စိတ်မဝင်စားဘူး။ ဒါကြောင့် ဒုစရိုက်သမားတွေ အတင့်ရဲနေတာ။ တစ်ချို့ ဒုစရိုက်သမားတွေကိုဆို စစ်တပ်က အားပေးအားမြှောက် ပြုထားတော့ မြို့ကလူတွေဟာ ဒီရဲနဲ့စစ်သားတွေကိုပါ ထပ်ကြောက်နေရတာမျိုး”ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ၂၀၂၅ ဖေဖော်ဝါရီလက တိုက်ပွဲစတင်ခဲ့ချိန်ရာ ကျောက်ဖြူမြို့ခံများမှာ နေရပ်စွန့်ခွာမှုများ ရှိလာပြီး လက်လုပ်လက်စားများနှင့် စစ်ကောင်စီဝန်ထမ်းများသာ မြို့ပေါ်တွင်ကျန်ရှိနေသည်။

လက်ရှိမှာ ကျောက်ဖြူမြို့ပေါ်မှ အရာရှိရပ်ကွက်၊ တိုးချဲ့ရပ်ကွက်နှင့် ပိုက်ဆိပ်ရပ်ကွက်တို့မှ လူမရှိသည့် နေအိမ် ၃၀ ထက်မနည်းမှာ ဖောက်ထွင်းခံထားရပြီး အချို့နေအိမ်များမှာ ဖြိုဖျက်ခံထားရကာ ရာဇဝတ်မှုများလည်း ထူပြောလာသဖြင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့ကြောင်း မြို့ခံများကပြောသည်။

ကျောက်ဖြူမြို့ခံ နောက်ထပ်အမျိုးသားတစ်ဦးက “အရင်ကဆိုရင် ခိုးဆိုး၊ လုယက်မှုတွေကို တိုင်တဲ့လူရှိရင် အနည်းဆုံး အဖမ်းပြတယ်။ ပြီးရင်ပြန်လွှတ်ပေးတယ်။ အခုကတိုင်ရင်လည်း မဖမ်းဘူး။ တိုင်တဲ့သူမှာဘဲ 

အန္တရာယ်ရှိလာတယ်။ တိုင်လို့ဆိုပြီး ရန်ပြုခံရတာတွေများလာတော့ ပြန်သွားတိုင်ဖို့ သတ္တိမရှိကြတော့ဘူး” ဟု ပြောသည်။

အလားတူ ကျောက်ဖြူမြို့ပေါ်မှ အမျိုးသမီးများမှာလည်း ကာယအိန္ဒြေ ထိပါးစော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို ခံနေရကြောင်းလည်း သိရသည်။

DMG မှ စုံစမ်းချက်အရ ပြီးခဲ့သည့် မေလနှင့် ဇွန်အလအတွင်းက အမျိုးသမီးများ ကိုယ်ထိလက်ရောက် နှောင့်ယှက်ကျူးလွန်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခံရမှု ၇ မှုထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ညဘက်မှာ အိမ်ပေါ်တက်ပြီး အမျိုးသမီးတွေကို ဟိုကိုင်ဒီကိုင်လုပ်တဲ့ ဖြစ်စဉ်တွေ နေရာတိုင်းမှာဖြစ်နေတယ်။ 

ဒီသတင်းတွေကြားနေတော့ အိမ်မှာ ယောင်္ကျားသားမရှိတဲ့ အမျိုးသမီးတွေဆိုရင် ညအိပ်မပျော်ကြဘူး။ ပြီးတော့ လမ်းသွားလမ်းလာ အမျိုးသမီးတွေကို မကြားဝံ့မနာသာ စကားတွေပြောပြီး လိုက်နှောင့်ယှက်မှုတွေလည်း မကြာခဏကြားရတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ကျောက်ဖြူမြို့မှာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသော်လည်း အာရက္ခတပ်တော်က မြို့နှင့်အနီးဆုံး ၆ မိုင်အထိ ချဉ်းကပ်ပိတ်ဆို့ထားသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများမှာ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ ဒုစရိုက်မှုများ ထူပြောလာနေသဖြင့် မြို့ခံများမှာ လုံခြုံရေးနှင့် ဥပဒေအကာအကွယ်များ ပျောက်ဆုံးနေကြောင်း ပြောဆိုကြသည်။

ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...