ရေး အာယုတောင်ရှိ ခမရ-၃၄၃ စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ရေး အာယုတောင်ရှိ ခမရ-၃၄၃ စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာရှိ စစ်ကောင်စီ၊ ခမရ-၃၄၃ စခန်းကုန်းတစ်ခုကို ရေးမြို့နယ် အခြေစိုက် ရေးဘီလူးအဖွဲ့က ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် လိုက်သည်ဟု အဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်စခန်းကုန်းကို ယနေ့ နံနက် ၅ နာရီ အချိန်တွင် ရေးဘီလူး အဖွဲ့က စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ဒီမနက်ခင်းပိုင်းမှာ စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ခမရ- ၃၄၃ တပ်ဝန်းထဲက စကစ စခန်းကုန်းကို ကျနော်တို့ရေးဘီလူးအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ သည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ နှင့် ဌာနဆိုင်ရာများကို တော်လှန်တိုက်ခိုက်နေသော လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း သိရသည်။

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...