မဲဆောက်ရှိ ရွှေ့ပြောင်းကျောင်းသားနှင့် ဆရာများ စစ်ဆေးခံရမှုရှိနေ

မဲဆောက်ရှိ ရွှေ့ပြောင်းကျောင်းသားနှင့် ဆရာများ စစ်ဆေးခံရမှုရှိနေ

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၌ တရားမဝင်လုပ်သားများနှင့် လုပ်ငန်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးမှုများ ယခုရက်ပိုင်းတွင် ပြုလုပ်နေပြီး ရွှေ့ပြောင်းကျောင်းနှင့် ကျောင်းသူ၊ ကျောင်းသားများလည်း စစ်ဆေးခံရမှုများ ရှိနေသည်ဟု ‌ကျောင်းအုပ်တစ်ဦးက ပြောသည်။

လက်ရှိ ကျောင်းဖွင့်ချိန် မဲဆောက်ရှိ ဆာသူလေရွှေ့ပြောင်းကျောင်းမှ ကျောင်းသားတစ်ချို့ စစ်ဆေးခံရပြီး ခေတ္တခေါ်ယူမေးမြန်းမှု ဇွန်လ ကျောင်းစဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ရာ အရှိန်အဝါရှိ ထိုင်းစကားပြောတက်သူကို အကူအညီတောင်းပြီး ဖြေရှင်းပေးမှ ရသည့်အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်ဟု ဆာသူးလေ ကျောင်းအုပ်ဆရာမကြီး နော်ဖောရေက ယခုလိုပြောသည်။

“ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းဆင်းတဲ့အချိန် အိမ်ပြန်ရောက်ပြီး သွားလာလည်ပတ် ကစားချိန် ပုလိပ်တွေဖမ်းတော့ ပြန်လိုက်လို့ သိပ့်မရဘူး။ အာဏာရှိတဲ့လူ ပြောတတ်ဆိုတတ်တဲ့ လူကြီးတွေ ပြောပေးမှရတယ်။ ကလေးငယ်တွေဆိုရင် မိဘတွေ ကျောင်းကိုလာပို့တဲ့အခါ ပုလိပ်တွေက တားပြီး စစ်တာရှိတယ်။

ကျောင်းသား ကဒ် မပြနိုင်ရင် ကလေးကုန်ကူးမှု အဲလိုဆွဲတာရှိတယ်။ ဒါကဒီနှစ်အတွက် ရင်ဆိုင်ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရွှေ့ပြောင်းကျောင်း ဆရာ၊ ဆရာမများ ကိုလည်း မဲဆောက်မြို့ရှိ ထိုင်းဏာပိုင်များက ဝင်ရောက်စစ်ဆေးမေးမြန်မှုများ ယခင်နှစ်ထက် ပိုမိုများလာသည်ကို ကြုံတွေ့လာနေရသည်ဟု ရွှေ့ပြောင်းကျောင်း တာဝန် ရှိသူများက ပြောသည်။

နယ်စပ်ရှိ ရွှေ့ပြောင်းကျောင်းများက ကျောင်းသူကျောင်းသားများကို Grade-4 ရောက်မှသာ ကျောင်းသားကဒ် ထုတ်ပေးလေ့ရှိသည့်အတွက် အဆိုပါ အတန်းအောက် ကျောင်းသားကလေးငယ်များ စစ်ဆေးခံရမှုများ မကြာခဏ ကြုံတွေ့ရမှုသည်လည်း အခက်အခဲ တစ်ခု ဖြစ်စေသည်ဟု ကျောင်းအုပ်ဆရာမကြီး နောဖောရေက ဖြည့်စွက်ပြောသည်။

“အရင်နှစ်တွေက ၄ တန်းကစပြီး ကျောင်းသားကဒ် ထုတ်ပေးတယ်ဆိုတာက ၄ တန်းအောက် ကလေးငယ်တွေ ဆိုရင် ငယ်ငယ်လေးဘဲ သူတို့ စစ်ဆေးတာတွေ မရှိဘူး။ အဲ့ဒါကြောင့် ၄ တန်းကစပြီး ကဒ်ထုတ်ပေးတာဖြစ်တယ်။ အခုနှစ်က မရတော့ဘူး ကလေးငယ်တွေပါ အကုန်စစ်ဆေးတယ်“ ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲတွင် မြန်မာရွှေ့ပြောင်း လုပ်သားပညာရေးကော်မတီ (BMWEC) လက်အောက်တွင် စာသင်ကျောင်းစုစုပေါင်း ၆၄ ကျောင်းရှိပြီး ကျောင်းသူ/ကျောင်းသားဦးရေ တစ်သောင်းဦးကျော်ရှိသည်ဟု အဆိုပါကော်မတီထံမှ သိရသည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...