ဘုရားသုံးဆူမြို့ပေါ်တွင် တန်ဖိုးကြီးပစ္စည်းပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေ

ဘုရားသုံးဆူမြို့ပေါ်တွင် တန်ဖိုးကြီးပစ္စည်းပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ပေါ်တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့ လုံခြုံရေးဆိုင်ရာတာဝန်ယူမှု အားနည်းနေခြင်းကြောင့် တန်ဖိုးကြီးပစ္စည်းများ ဆက်တိုက်ပျောက်ဆုံးနေကြောင်း နယ်စပ်သတင်းရင်းမြစ်များအရ သိရသည်။

ယခုဇွန်လအတွင်း ဘုရားသုံးဆူမြို့ပေါ်တွင် နေ့ခင်းဘက်၌ ကားနှင့်အခြားတန်ဖိုးကြီးပစ္စည်းများကို ခိုးယူခံနေရပြီး ဥပဒေအရ အရေးမယူနိုင်သဖြင့် မြို့ခံတို့အတွက် ဆုံးရှုံးမှုများနေသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်သမားကြိုပို့သည့်ကားတစ်စီးကို ဘုရားသုံးဆူမြို့ ကျောင်းဂိတ်အနီးရပ်ထားစဉ် ခိုးယူခံခဲ့ရပြီး ဇွန်လ ၁၃ ရက်နေ့တွင်လည်း ရပ်ကွက် (၄) ပါရမီလမ်းရှိ ရွှေဆိုင်တစ်ခုတွင်လည်း လုယက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ စိန်ထည်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း ကာယကံရှင်နှင့် နီးစပ်သည့် ဘုရားသုံးဆူ မြိုခံတစ်ဦးက ပြောသည်။

“ကားခိုးတာကတော့ တစ်ခါမှမရှိခဲ့ဘူး။ ဒါပေမဲ့ ကားဖြစ်နေတော့ သူတို့ဝေးဝေးယူသွားလို့မရဘူး။ ရောင်းလို့လဲမရ။ သူတို့ခိုးတုန်က နေ့ဘက်ဆိုတော့ ဘယ်မှယူသွားလို့မရဘူး။ ဒါကြောင့် သူတို့က ရပ်ကွက် (၄) ဘက် ဇွန်ပွင့်တည်းခိုခန်းဘက်မှာ ထားခဲ့တယ်။ ပြီးရင် ရွှေလုယက်သွားကလဲ ဖြစ်ပွားခဲ့တယ်။ ဒါတွေက ဘုရားသုံးဆူးမှာ ပထမဆုံးဖြစ်တာ” ဟု ဆိုသည်။

အဆိုပါ ခိုးဆိုးလုယက်သူများသည် အုပ်စုလိုက်၊ အဖွဲ့လိုက်ရှိနေပြီး ဘုရားသုံးဆူမြို့တွင်းရှိ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့နှင့် ချိတ်ဆက်မှုရှိနေကြောင်း မြို့ခံတို့က သုံးသပ်ပြောဆိုလျှက်ရှိသည်။

 ခိုးဆိုးလုယက်မှုများကို  ဒေသတွင်း လုံခြုံရေးနနှင့် အုပ်ချုပ်ရေးတာဝန်ယူထားသည့် DKBA နှင့် KNU တို့၏ ရပ်ကွက်တာဝန်ရှိများထံ တိုင်ကြားမှုများပြုလုပ်ခဲ့သော်လည်း ထိထိရောက်ရောက် တုံ့ပြန်မှုမရှိကြောင်းလည်း ဆိုသည်။

“ဒီမြို့ပေါ်မှာက KNU ကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေရှိတယ်။ ပြီးရင် ဘုရားသုံးဆူမြို့ပေါ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ DKBAကရှိတယ်။ သူတို့က ပြည်သူတွေအေးချမ်းစွာ နေနိုင်ဖို့တာဝန်ယူထားပေမယ့် ခိုးမှုတွေ လုယက်မှုတွေကို တာဝန်ယူဖမ်းတာမျိုး မရှိခဲ့ဘူး။ အဲဒီလိုမရှိတော့ သူခိုးတွေ၊ဓားပြတွေက ရဲလာကြတယ်။ နေ့ဘက်မှာရော ခိုးလာကြတယ်” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

လက်ရှိ ဘုရားသုံးဆူမြို့ပေါ်တွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင် ရောင်းချနေသည့်အပြင် လောင်းကစားဝိုင်များလည်း ပြန်လည်လည်ပတ်လာသဖြင့် ခိုးဆိုးလုယက်မှု ပိုမိုဖြစ်ပွားလာသည်။

 ရွှေဆိုင်နှင့် အခြားတန်ဖိုးကြီးဆိုင်တို့ လုယက်ခံရမှုများရှိနေသည့်အပြင် လမ်းသွားလမ်းလာ လုယက်ခံရမှုများ၊ တန်ဖိုးကြီးပစ္စည်းများ ခိုးယူမှုများနှင့် နေအိမ်ဖောက်ထွင်းခံရမှုများအပြင် အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတို့လည်း ရှိနေသည်။

ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...
April 9, 2026
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရွှင်ပွဲမျိုးမဆို...
April 8, 2026
စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ...