မြစ်ကြီးနားမြို့မှာ Mytel ဖုန်းလိုင်း ပြန်လည်ရရှိနေဟုဆို

မြစ်ကြီးနားမြို့မှာ Mytel ဖုန်းလိုင်း ပြန်လည်ရရှိနေဟုဆို

ဖုန်းနဲ့အင်နက်လိုင်းတွေ ပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီပိုင် Mytel ဖုန်းလိုင်း ပြန်လည်အသုံးပြုလို့ရနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း MPT၊ Ooredoo၊ ATOM၊ Mytel စတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာ တစ်နှစ်နီးပါးအကြာ ဒီကနေ့ မနက်ပိုင်းမှာတော့ My Tel ဖုန်းလိုင်း ရရှိနေတာဖြစ်ပြီး အင်တာနက်ကတော့ မရရှိသေးပါဘူး။

“ဖုန်းလိုင်းတော့ ရနေပြီ။ ခုနကပဲ K-Payအကောင့်တွေ ပြန်ဖွင့်နေတယ်” မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 မြစ်ကြီးနားမြို့မှာ Mytel ဖုန်းလိုင်းတွေ ပြန်ရနေပြီဖြစ်ပြီး MPT၊ Ooredoo၊ ATOM ရဲ့ ဖုန်းလိုင်းတွေတော့ မရရှိသေးတဲ့အကြောင်းကိုလည်း ဆိုရှယ်မီဒီယာအသုံးပြုသူအချို့က ဖော်ပြကြပါတယ်။

မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က တခြားမြို့နယ်တွေမှာ ATOM (Telenor) နဲ့ MPT ဖုန်းလိုင်းတွေဟာ အချို့နေရာတွေ (အစိုးရရုံးနဲ့ MPT ရုံးအနီး) မှာ ဆက်သွယ်လို့ရနေပေမဲ့ ခက်ခက်ခဲခဲခေါ်ဆိုရပြီး အင်တာနက်လိုင်းတွေတော့ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ MPT၊ Ooredoo၊ Mytel နဲ့ Atom စတဲ့ အော်ပရေတာတွေရဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဖုန်းနဲ့အင်တာနက် ပြတ်တောက်နေတဲ့အချိန် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေပြီး အွန်လိုင်းနဲ့ပညာသင်ကြားနေသူတွေ အခက်အခဲဖြစ်နေတဲ့အပြင် ကုန်စည်စီးဆင်းမှု နှေးကွေးတာတာတွေလည်း ဖြစ်ပေါ်နေပြီးတော့ အဖက်ဖက်မှာ ခက်ခဲနေတာပါ။

လက်ရှိအချိန်မှာတော့ အင်တာနက်အသုံးပြုနိုင်ရေးအတွက် မြစ်ကြီးနား၊ ဖားကန့် စတဲ့မြို့ကြီးတွေမှာ Star Link လို ဝိုင်ဖိုင်စက်တွေ တပ်ဆင်အသုံးပြုနေကြရပြီး အခကြေးငွေပေးပြီး အသုံးပြုနေကြရတာလည်း ဖြစ်ပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...