စစ်ကောင်စီ နေဗီများကြောင့် ကျောက်ဖြူဒေသခံများ လူမှုဘဝရပ်တည်ရေး ခြိမ်းခြောက်ခံနေရ

စစ်ကောင်စီ နေဗီများကြောင့် ကျောက်ဖြူဒေသခံများ လူမှုဘဝရပ်တည်ရေး ခြိမ်းခြောက်ခံနေရ
စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီ နေဗီတစ်စင်း။ ဓာတ်ပုံ - cincds
စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီ နေဗီတစ်စင်း။ ဓာတ်ပုံ - cincds

တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက လမ်းခရီးသွားခွင့်ကို ကန့်သတ်ပိတ်ပင်ကာ ပင်လယ်ပြင်တွင် အထိုင်ချထားသည့် နေဗီများက ဖမ်းဆီးမှုများလုပ်နေသဖြင့် ဒေသခံများ၏ လူမှုဘဝ ရပ်တည်ရေးမှာ ခြိမ်းခြောက်ခံနေရသည်။

စားဝတ်နေရေးအတွက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ၊ တစ်နေရာနှင့်တစ်နေရာသို့ ကူးလူးဆက်ဆံသွားလာနေကြသူများမှာ စစ်ကောင်စီ နေဗီများက ဖမ်းဆီးမှုရှိနေသည့်အတွက် အခက်အခဲဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။

ဇွန်လ ၄ ရက်က ကျောက်ဖြူမြို့နယ်၊ သဲချောင်းကျေရွာသား ၃ ဦးမှာ မြေပုံမြို့မှ စက်လှေတစ်စီးဖြင့် ပြန်လာစဉ် င/ပသုန်ကျေးရွာအနီး ပင်လယ်ပြင်ရှိ စစ်ကောင်စီ နေဗီက ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကိုထက်မြတ်ကျော် (၂၀) နှစ်၊ ကိုဒေါင်းကြီး (၂၇) နှစ်နှင့် ဦးဖိုးတင် (၆၈) နှစ်တို့ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်ခြင်းမရှိသေးပေ။

၎င်းတို့ ၃ ဦးကို ကျောက်ဖြူမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်းနှင့် စက်လှေကို ငလပွေ့ဆိပ်ကမ်းတွင် ထိန်းသိမ်းထားကြောင်း စုံစမ်းသိရရှိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်ကလည်း ကျောက်ဖြူဒေသခံ ရေလုပ်သား ၉ ဦးကို စစ်ကောင်စီ နေဗီက ဖမ်းဆီးသွားခဲ့သည်။

ကျောက်ဖြူတွင် တိုက်ပွဲများနှင့်အတူ စစ်ကောင်စီ၏ လမ်းခရီးသွားလာခွင့် ကန့်သတ်ထားပြီး ဒေသခံများမှာ စားဝတ်နေရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်။

နေ့စဉ်လူမှုဘဝ ရှင်သန်နေထိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားရုန်းကန်နေကြရာ၌လည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံကြရသဖြင့် ထပ်မံဒုက္ခရောက်နေကြရခြင်းဖြစ်သည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ် (၃၂) ရဲတပ်ရင်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

မြို့အနီးတိုက်ပွဲများကြောင့် စစ်ကောင်စီက မြို့ပေါ်လုံခြုံရေးကို ယခင်ထက်ပိုမိုတင်းကျပ်ထားသဖြင့် ဒေသခံများမှာ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ချက်များစွာရှိနေကြောင်း ပြောဆိုနေကြသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...