ဗန်းမောက်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုများနေပြီး ဆေးဝါးပြတ်လပ်နေ

ဗန်းမောက်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုများနေပြီး ဆေးဝါးပြတ်လပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းက  မံစီတိုက်နယ်ရှိကျေးရွာများအပါအဝင် မြို့နယ်ရဲ့ အနောက်ဘက်ခြမ်းကျေးရွာတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေဟာ များလာနေပြီး ကုသဖို့အတွက် ဆေးဝါးများ ပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီဘက်မင်းကုန်း ဆေး‌ခန်းမှာလည်း ငှက်ဖျားဆေးတွေမရှိဘူး။ မံစီဆေးရုံးဘက်ကိုလည်း ဆေးတွေပြတ်နေတာ။ အဖျားသက်သာရုံလောက်ပဲ အကိုက်အခဲပျောက်ဆေးတွေပဲထိုးပေးခဲ့တာ။ စားဆေးလည်း မပေးနိုင်ခဲ့ဘူးလေ“ လို့ ရွှေတော်မှော်က ငှက်ဖျားခံစားနေရသူလူနာတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်ထဲနဲ့ မြို့နယ်အတွင်းဝင်ရောက်မယ့် လမ်းပိုင်းတွေ ပိတ်ဆို့ထားမှုတွေကြောင့်  အခုလို အရေးကြီးတဲ့ ရာသီအလိုက်ဖြစ်တတ်တဲ့ ရောဂါဆေးဝါးတွေ ပျက်ရတာလို့သိရပါတယ်။

ဆေးဝါးတွေဟာ ကျန်းမာရေးဌာနကနေ ဖြန့်ဝေဖို့ အဆင်သင့်ရှိထားပြီးဖြစ်သော်လည်း လမ်းပိုင်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဆေးဝါးသယ်ယူနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

“ဆေးတွေက သယ်ယူဖို့အခက်အခဲရှိနေတယ် ဒီဘက်ဒေသကို” လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးက တုန့်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်နဲ့ မေလအတွင်းကစလို့ ဗန်းမောက်မြို့နယ်အတွင်းမှာ ငှက်ဖျားကူးစက်မှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့အချိန်ကတည်းကစလို့ ငှက်ဖျားရောဂါအတွက် ဆေးဝါးတွေ ဝယ်ယူရခက်ခဲနေသလို ရောဂါဖြစ်ပွားမှုအပေါ်မူတည်ပြီး ကုသမှုတွေပေးခဲ့ရတာဖြစ်တယ်လို့ မံစီကြီးဒေသစိတ် ကျန်းမာရေးမှူးက ပြောပါတယ်။

ကူးစက်တဲ့ ငှက်ဖျားပိုးတွေကတော့ ပြင်းထန်တဲ့ပိုးမဟုတ်ဘဲ PV လို့ခေါ်တဲ့  (Plasmodiam vivax)  ငှက်ဖျားရောဂါအပျော့စားဖြစ်ပြီး ကလေးငယ်တွေကစလို အသက်ရွယ်ကြီးတဲ့အထိ ဖြစ်ပွားမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

January 14, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့ကို ကုန်တင်စက်လှေတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်က...
January 8, 2026
စစ်ကိုင်းတိုင်းဒေကြီး အထက်ပိုင်း ဝန်းသိုမြို့ရှိ စစ်တပ်စခန်းတွေကို တိုက်ခိုက်သွားမှာဖြစ်ပြီး...
January 7, 2026
ချင်းတွင်းမြစ် မုံရွာမှ ဟုမ္မလင်းမြို့သို့ ဆန်တက်လာတဲ့ ကုန်တင်အမြန်ရေယာဉ်အစင်း နှစ်ရာကျော်ဟာ...
January 6, 2026
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲကြောင့်  မိုးညှင်းမြို့အတွင်းကို...