ကျုံဒိုးမြို့ပေါ်သို့ ပြန်လာသူများတချို့ ဖမ်းဆီးသတ်ဖြတ်ခံရမှု ဖြစ်ပေါ်နေ

ကျုံဒိုးမြို့ပေါ်သို့ ပြန်လာသူများတချို့ ဖမ်းဆီးသတ်ဖြတ်ခံရမှု ဖြစ်ပေါ်နေ

Photo: CJ (ကျုံဒိုး ရှေ့တန်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ)

စစ်ရေးတင်းမာနေသည့် ကျုံဒိုးမြို့ပေါ်သို့ စစ်ရှောင်ပြီး ပြန်လာသူတချို့ကို မေလကုန်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်နေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလမှစ၍ ကျုံဒိုးမြို့ပေါ်နှင့် အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့ခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မေလကုန်ပိုင်းတွင် မြို့ပေါ်ပြန်လာသူတချို့ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရမှု ဖြစ်စဉ်များမှာ ပြီးခဲ့သည် မေ ၂၈ ရက်နေ့တွင် ကျုံဒိုးမြို့ခံ စောမျိုးအောင်ထွေး (ခ) ကိုပြူး ဆိုသူ လူငယ်တစ်ဦးကို ကျုံဒိုး မီးပုံးကွင်းအနီး၌ စစ်ကောင်စီက ဖမ်းဆီးသွားပြီး ပြန်မလွတ်ဘဲ သတ်ဖြတ်လိုက်သည်ဟု သတင်းထွက်ပေါ်နေသလို မေ ၂၉ ရက်နေ့တွင်လည်း ကျုံဒိုး မြောက်ကရင်စုရပ်ကွက်သို့ ပြန်လာသူ လူငယ် ၃ ဦး ဖမ်းဆီးခံရသည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ကျုံဒိုးက နေအိမ်ပြန်တဲ့သူတွေ မြောက်ကရင်စုက ၃ ယောက် ဖမ်းခံရတယ် ၂၉ ရက်က၊ ၂၈ က မြို့ထဲက စောအာင်မျိုးထွေး (ခ) ကိုပြူးဆိုတဲ့ ကောင်လေး မီးပုံကွင်းထိပ်နားမှာ ဖမ်းခံရတယ်။ စကစတပ်က ဖမ်းပြီးနှိပ်စက်တာ သေတယ်။ အလောင်းပြန်မရသေးဘူး။ ဂျိုင်းဘက်က ကျုံဒိုးပြန်လာတဲ့သူတွေကိုလည်း ဖုန်းစစ်တယ်။ ဖမ်းတယ် ဒီရက်ထဲ ဖမ်းခံထားရတာ ၅ ယောက်ကျော် ၁၀ ယောက်ဝန်းကျင်လောက်ရှိတယ်” ဟု ၎င်းဒေသခံက ပြောသည်။

လက်ရှိ ကျုံဒိုးတွင် မြို့ပေါ်နေရာအများစုကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့ပြင်နှင့် စစ်ကောင်စီတပ်စခန်းရှိ သည့်နေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ၊ မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့ထားပြီး နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ဘာတို့ဖြင့် ပစ်ခတ်နေသည်ဟု မြေပြင်စစ်သတင်းရင်းမြစ်က ပြောသည်။

“KNLA ဘက်က ရှော့တိုက်၊ စနိုက်ဘာပစ်တာ ရသေ့ကျောင်းမှာရှိတဲ့ ဗိုလ်ကြီးထိသေတယ်၊ ၂၇ ရက်မှာ ရှော့ခ်တိုက် ထပ်ပစ်တာ ၅၄၅ တပ်မှာ လက်နက်ကြီးဆင်ထားတဲ့နေရာကို ထိတာ၊ ဗိုလ်မှုးတစ်ဦးနဲ့ လက်နက်ကြီးနဲ့ ဒရုန်းတပ်ဖွဲ့က ၅ ယောက်သေတယ်။ ၃ ယောက်ဒဏ်ရာရတယ်၊ ၂၉ ရက်မှာ ဒရုန်းနဲ့ချလို့ ၂ ယောက် ဒဏ်ရာရသွားတယ်” ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် ထိမ်းချုပ်ထားသည့် ကျုံဒိုးမြို့တွင်း တပ်စွဲနေရာများမှ မြိုပြင်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲချခြင်းများ နေ့စဉ် လုပ်ဆောင်တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

 

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...