ဟားခါးမြို့မှာ ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့ လူဦးရေ သိသိသာသာ ပိုများလာတယ်လို့ သိရ

ဟားခါးမြို့မှာ ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့ လူဦးရေ သိသိသာသာ ပိုများလာတယ်လို့ သိရ

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ၂၀၂၅ - ၂၀၂၆  ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေဟာ အရင်နှစ်တွေထက် သိသိသာသာ ပိုများလာတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့နေ ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းကနေ ကျောင်းတွေအပ်နေကြပြီ  ဒီနှစ်ကတော့ အရင်နှစ်တွေထက် ကျောင်းအပ်တဲ့ ကျောင်းသား၊ ကျောင်းသူ ပိုများလာတယ် ဖလမ်း၊ ထန်တလန်၊ မတူပီ စတဲ့မြို့တွေကနေ လာတက်တဲ့ ကလေးတွေ ဒီနှစ်မှာ သိသိသာသာ ပိုများလာတယ် အခုလက်ရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က (၄) တွေမှာပေါ့ နောက်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာလည်း အများစု တက်နေကြပြီပေါ့” လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ၂၀၂၅ - ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ  မေလ ၂၂ ရက်နေ့ကနေ  ဇွန်လ ၁ ရက်နေ့အထိ  ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁) ကျောင်းနဲ့ မူလတန်းကျောင်း (၁) ကျောင်း စုစုပေါင်း ၆ ကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေ စုစုပေါင်း ၄၃၆၁ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဟားခါးမြို့နဲ့ တီးတိန်မြို့တွေမှာ ဇွန်လမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်တော့မှာဖြစ်ပြီး ကျောင်းအပ်လက်ခံနေပြီလို့လည်း သိရပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...