ဟုမ္မလင်းနဲ့ ဗန်းမောက်မှာ လမ်းကြောပိတ်ဆို့မှုတွေကြောင့် စက်သုံးဆီစျေးနှုန်း ခုန်တက်လာ

ဟုမ္မလင်းနဲ့ ဗန်းမောက်မှာ လမ်းကြောပိတ်ဆို့မှုတွေကြောင့် စက်သုံးဆီစျေးနှုန်း ခုန်တက်လာ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီ အဝင်နည်းလာနေပြီး စျေးနှုန်းတွေလည်း ရုတ်တရက် မြင့်တက်လာခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မေလ ၁၅ ရက်နေ့မှာ စက်သုံးဆီ တစ်ပေပါ ကျပ် ၁၃ သိန်းရှိပြီး လက်ရှိမှာ တစ်ပေပါ ၁၈ သိန်းကျပ်အထိ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

စက်သုံးဆီသယ်ကားတွေဟာ မိုးရွာသွန်းမှုတွေကြောင့် လမ်းပိုင်းတွေပျက်စီးပြီး နှောင့်နှေးသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုတွေကြောင့်လည်း ပါဝင်တယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ဆီတွေပြတ်တာ ဟုတ်တယ်။ ဟုတ်တယ်ဗျ။ စက်သုံးဆီတွေ တော်တော်ပျက်လပ်နေတယ်။ PDF တွေက အဓိက မိန်းလမ်းတွေကို ပိတ်ထားတာ။ ကွင်းလမ်းတွေကနေ ပိတ်ထားတာ၊ ကျွဲကောကြီး၊ ခေါင်းကိုက်ဘက်ကနေ။ အဲ့ဘက်ကတွေက လမ်းမကောင်းဖြစ်နေတာ။ ဗန်းမောက်ဘက်ကို ဆီအဝင်နည်းနေတာလေ။ ကွင်းလမ်းတွေက လွတ်လပ်လပ်လပ် သွားလို့မရဘူးလေ” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာလည်း ဗန်းမောက်မြို့ပေါ်နဲ့ အနောက်ခြမ်းဒေသတွေဆီကို စက်သုံးဆီသယ်ယူခွင့်ကို ဗန်းမောက် ပကဖ တွေက ပိတ်ပင်ထားပြီး သယ်ယူမှုတွေကို အရေးယူသွားမယ်လို့လည်း မေလလယ်မှာ ထုတ်ပြန်ထားပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာ တစ်ရက် စက်သုံးဆီ ဂါလံတစ်သိန်းခွဲကျော် လိုအပ်ပေမယ့် ထက်ဝက်ခန့်သာ  ဝင်ရောက်နိုင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာလည်း စက်သုံးဆီဂါလံ သုံးသိန်းနီးပါးရဲ့ ရာခိုင်နှုန်းအနည်းငယ်သာ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖောင်းပြင်-နောင်ပိုအောင် လမ်းပိုင်းမှာလည်း လမ်းပိုင်းပြုပြင်မည်ဟုဆိုကာ ပိတ်ထားမှုကြောင့် ဟုမ္မလင်းမြို့နယ် ရွှေလုပ်ငန်းရှင်များ စက်သုံးဆီ ဈေးမြင့်တက်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

စက်သုံးဆီအခက်အခဲတွေကြောင့် လုပ်ငန်းရှင်တချို့ အခုရက်ပိုင်းအတွင်း လုပ်ငန်းရပ်နားမှုတွေလည်းရှိလာနေတယ်လို့ စုံစမ်းသိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...