အခမဲ့ပေးသည့် ကျောင်းဝတ်စုံနဲ့ စာအုပ်များ ဟုမ္မလင်းမြို့နယ်ရှိ ကျောင်းတချို့ လေးနှစ်ဆက် မရရှိကြ

အခမဲ့ပေးသည့် ကျောင်းဝတ်စုံနဲ့ စာအုပ်များ ဟုမ္မလင်းမြို့နယ်ရှိ ကျောင်းတချို့ လေးနှစ်ဆက် မရရှိကြ

ဟုမ္မလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းတချို့မှာ နိုင်ငံတော်က ထောက်ပံ့တဲ့ မူလတန်းအတွက် ကျောင်းဝတ်စုံနဲ့ သင်ရိုးညွှန်းတမ်းဖတ်စာအုပ်တွေဟာ လေးနှစ်ဆက်တိုက် မရရှိတဲ့ ကျောင်းများစွာရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

“မြို့နယ်က ဘာမှမလုပ်ပေးဘူး။ ဒီပြင် တစ်နိုင်ငံလုံးက ကျောင်းတွေတော့ဗျာ ဝတ်စုံတွေပေး၊ စာအုပ်တွေပေးပေါ့။  မနှစ်ကလည်း စာအုပ်ဆိုရင် သေနတ်မှန်ပြီးသားတွေတို့၊ ရေစိုတာတွေလို့ အများကြီးပျက်စီးပြီးတော့ ကျွန်တော်တို့ သွားထုတ်တာကိုး။ ဒီနှစ်ကတော့ မရလောက်ဘူးလား၊ ရမလားမသိဘူး။ ကျောင်းအုပ်ပြောတာကတော့ မရနိုင်ဘူးတဲ့။ ဘာမှမရှိသေးဘူးဆိုတော့” လို့ ကျောင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။

မေလ ၂၂ ရက်နေ့စတင်ပြီး ကျောင်းအပ်စတင်လက်ခံနေပြီးဖြစ်သော်လည်း အခမဲ့ထောက်ပံ့တဲ့ ကျောင်းသုံး ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာတွေ တစ်ခုမှ မရရှိကြောင်း သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက စာသင်ကျောင်းတချို့ကိုလည်း ပညာရေးဝန်ကြီးက ထောက်ပံ့ရာမှာလည်း သင်ရိုးညွှန်းတမ်းဖတ်စာအုပ် ၆ အုပ်မှာ ၄ အုပ်သာရရှိတဲ့ ကျောင်းတွေလည်း များစွာရှိနေတယ်လို့ သိရပါတယ်။

“ဖတ်စာအုပ်ဆိုရင်လည်း ၆ အုပ်ဆိုရင်လည်း ၄ အုပ်ပဲရတယ်။ ဘယ်လိုဖြတ်တောက်တာလည်းမသိဘူး” လို့  သူက ဆက်ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ သင်ရိုးညွှန်းတမ်းစာအုပ်တွေဟာ ၆ ဘာသာအတွက် တစ်စုံကို တစ်သိန်းကျပ်မှ တစ်သိန်းခွဲကျပ်အထိ စျေးပေါက်နေတယ်လို့လည်း ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ဗလာစာအုပ်တွေကို ဟုမ္မလင်းမြို့ပေါ်ရှိစျေးတွေနဲ့ နမ့်တော၊ နောင်ပိုအောင်စျေးတွေမှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကျောင်းသား/သူ နှစ်စဉ် သုံးသောင်းဝန်းကျင်ရှိနေပြီး ဆရာ/မတွေအပါအဝင် သင်ထောက်ကူပစ္စည်းနဲ့ အခမဲ့ထောက်ပံ့မှုတွေ လုံလောက်မှုမရှိဘူးလို့လည်း ကျောင်းကော်မတီတွေက ဆိုပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...