စန်းကား စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ဖောက်ထွင်းဖျက်ဆီးခံရ

စန်းကား စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ဖောက်ထွင်းဖျက်ဆီးခံရ

ဝိုင်းမော်မြို့ စန်းကားစစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်အများအပြား ဖောက်ထွင်းခံ ခိုးယူခံနေရတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က နောင်းချိန်း စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စန်းကားဒေသခံတွေဟာ ကိုယ့်အိမ်အခြေအနေတွေကို သိလိုတဲ့အတွက် ခေတ္တပြန်လာကြည့်ချိန် နေအိမ်တွေ ဖောက်ထွင်းခံထားရပြီး ပစ္စည်းတွေလည်း အခိုးခံရတာ တွေ့ရတယ်လို့ စန်းခါးဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“ရွာစောင့်ကြတဲ့သူတွေက သူတို့ကို အဲလိုမခိုးကြနဲ့လို့ပြောရင်လည်း သူတို့က မင်းတို့ဟာ ယူတာမို့လို့လားလို့ ပြန်ပြောတယ်တဲ့ ဒါကြောင့် အချိန်ကြာလာလို့ ဘာမှခိုးစရာမရှိတော့ရင် သွပ်မိုးတွေတောင် ပြန်ခိုးကြမယ်ထင်တယ်” လို့ ဆိုပါတယ်။

ပိုင်ရှင်မရှိတဲ့ နေအိမ်ရှိ မီးကြိုးများ ဖြုတ်ယူပြီး ကျေးရွာအတွင်းမှာတင် ပြန်လည်အရောင်းအဝယ် ပြုလုပ်နေကြသည်ဟု ဆိုသည်။

စန်းကားကျေးရွာဟာ ဝိုင်းမော်ဧရာဝတီမြစ်ကမ်း ‌အောက်ပိုင်း မခန္တီး ကျေးရွာ၊ နောင်ဟီးကျေးရွာကို ဖြတ်ပြီးတာနဲ့ ရောက်တဲ့ရွာ ဖြစ်ပါတယ်။

လက်ရှိ စန်းကားကျေးရွာအရှေ့ မြောက်ဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကတော့ ရွာရဲ့ အနောက်ဘက်နဲ့ တောင်ဘက်တွေမှာ နေရာယူထားတယ်လို့ သိရပါတယ်။

အခုလို နှစ်ဖက်စစ်တပ်ကြားမှာရှိနေတဲ့အတွက် လုံခြုံရေးအရ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး ဒေသခံတွေလည်း နေရပ်ပြန်လာလို့မရ ဖြစ်နေတာဘဲ ဖြစ်ပါတယ်။

လက်ရှိ စန်းကားကျေးရွာပြည်သူတွေဟာ  ဝိုင်းမော်မြို့ ဧရာဝတီမြစ်ကမ်းအထက် လဘန်–နောင်ချိန်း စတဲ့ကျေးရွာတွေမှာ ၂၀၂၄ မေလ ၁၀ရက်နေ့ကတည်း ကနေ စစ်ဘေးတိမ်းရှောင်နေကြတာ တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

လက်ရှိစစ်ရှောင်နေတဲ့ စန်းကားဒေသခံ လူဦးရေ ၈၉၃ ဦးရှိတယ်လို့ သိရပြီး လက်ရှိသူတို့အတွက် အစားအသောက် ဆေးဝါးအကူအညီတွေ လိုအပ်နေတာဘဲ ဖြစ်ပါတယ်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...