နောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့ လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ စစ်တပ်ပြင်ဆင်နေ

နောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့ လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ စစ်တပ်ပြင်ဆင်နေ
ပုံအညွှန်း - နောင်မွန် စစ်သင်တန်းဆင်းပွဲမြင်ကွင်း။
ပုံအညွှန်း - နောင်မွန် စစ်သင်တန်းဆင်းပွဲမြင်ကွင်း။

ကချင်ပြည်နယ်၊ နောင်မွန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေပြီး သင်တန်းဆင်းတဲ့သူတွေကို ခေါင်လန်ဖူးဘက်ပို့ဖို့ ပြင်‌ဆင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နောင်မွန် ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး နောင်မွန်မြို့ပေါ်နဲ့ ကျေးရွာတစ်ချို့လူငယ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီး ပြည်သူ့စစ်လုပ်ဖို့ လိုက်လံစုဆောင်းခဲ့တာဖြစ်တယ်လို့ သိရပါ။

အဲဒီနောက် ဧပြီလတစ်လလုံး စစ်သင်တန်းပေးပြီး သင်တန်းဆင်းထားတဲ့သူတွေကို ခေါင်လန်ဖူးဘက် စစ်အင်အားဖြည့်ဖို့ ပြင်ဆင်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။

“ကလေးတွေကတော့ သင်တန်းပြီးကြပြီ အယောက် ၁၀၀ ကျော်တယ်။ အဲ့ထဲမှာ မိန်းခလေးတွေကောပါတယ်။ ယောကျာ်းလေးအများပိုင်းပါတယ်။ သူတို့ကို အခုခေါင်လန်ဖူးဘက်ပို့မယ်တဲ့” လို့ ပြောပါတယ်။

ပြည်သူ့စစ် မလုပ်မနေရစနစ်နဲ့ လိုက်လံစုဆောင်းထားတဲ့ လူငယ် ၁၂၀ ဦးဝန်းကျင်ရှိပြီး သင်တန်းလည်း ပြီးကြပြီလို့ သိရပါတယ်။

“မြို့ပေါ်ကလည်းပါတယ် ရွာတွေဘက်ကလည်းပါတယ်။ သင်တန်းက တစ်လပဲတက်ရတာ အခု တစ်လပြည့်သွားပြီလေ။ အဲ့ကြောင့် ခေါင်လန်ဖူးရှေ့တန်းကို သွားရမယ်တဲ့ သင်တန်းက မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့နေရာမှာပေးတာ ဟုတ်တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။

လတ်တ‌လော သင်တန်းဆင်းထားတဲ့ ပြည်သူ့စစ်လူငယ် ၁၂၀ ဦးဟာ ဒီလထဲမှာ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တွေနဲ့ပေါင်းပြီး ရှေ့တန်းစစ်မြေပြင်မှာ သွားရောက်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာလည်း နောင်မွန် အ. ထ.က ကျောင်းမှာ ပြည်သူတွေကိုစုဝေးခိုင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ပြည်သူ့စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးပြောဆိုတာတွေရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆော့လော်မြို့နယ်ထဲက လန်ဆယ်ရွာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလန်ဆယ်သိမ်းလိုက်ပြီးနောက် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ခေါင်လန်ဖူးဘက်ကို စစ်ရေးပြင်ဆင်မှု စတင်လုပ်‌ဆောင်လာခဲ့တာလို့ သိရပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာလည်း ခေါင်လန်းဖူးမြိုနယ်ထဲက ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ လားဟူဆယ် ရှေ့တန်းတပ်စခန်းတစ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်ရရှိခဲ့ပါတယ်။

ခေါင်လန်ဖူးဘက် အခုလို တပ်စခန်းတွေ သိမ်းခံလိုက်ရတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေဟာ ခေါင်လန်ဖူးဘက်ကို အခုလို စစ်အင်အားဖြည့်တာ ခေါင်လန်းဖူးမြို့နယ်ထဲမှာ ကချင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူကလွဲပြီး အခြားတိုင်းနဲ့ပြည်နယ်က ခရီးသည်တွေကို ဝင်ရောက်ခွင့်ပိတ်ပင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...