စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား- တနိုင်းလမ်းပိုင်း ခရီးသွားပြည်သူများ အခက်ကြုံ

စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား- တနိုင်းလမ်းပိုင်း ခရီးသွားပြည်သူများ အခက်ကြုံ
ပုံ - လီဒိုလမ်းမပေါ်ရှိ နောင်းမီရွာ။
ပုံ - လီဒိုလမ်းမပေါ်ရှိ နောင်းမီရွာ။

ကချင်ပြည်နယ် မြစ်ကြီးနား- တနိုင်း လီဒိုလမ်းမတစ်‌လျှောက် KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုရှိနေသေးတာကြောင့် ခရီးသွားပြည်သူများ သွားလာရေးမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး လီဒိုလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ရာကနေ ဒီနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ မြစ်ကြီးနားကားဂိတ်မှ တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။

"တစ်လမ်းလုံးတော့မဟုတ်ဘူး လဝါးရွာနဲ့ ဝါရာဇွပ်တစ်ကြောမှာ သတိထားပြီး သွားလာရတယ်။ ကားသမားတွေလည်း တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပြီး အခြေအနေတကြည့်ကြည့် သွားနေရတယ်။ အခြေနေမကောင်းရင်တော့ ရောက်တဲ့နေရာ အိပ်ရတယ်။ ဒီနေ့ကားထွက် ဒီနေ့ရောက်မယ်လို့တော့ အာမခံလို့မရဘူး” လို့ ပြောပါတယ်။

ခုလို လမ်းပိုင်းအခက်ခဲကြောင့် ညအိပ်ရချိန်မျိုးမှာ အရေးပေါ်ခရီးသွားရတဲ့ ပြည်သူတွေအနေနဲ့ အဆင်မပြေမှုများစွာရှိတယ်လို့လည်း ခရီးသွားပြည်သူတွေ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဒီရက်ပိုင်း လီဒိုကားလမ်းပေါ်ထွက်လာပြီး နောင်းမီ၊ ဝါရာဇွပ်၊ လဝါး စတဲ့ကျေးရွာတစ်ဝိုက် စစ်ရေးလှုပ်ရှားနေပြီး တစ်ခါတစ်ရံ လက်နက်ကြီးပစ်ခတ်တာ၊ ခရီးသွားပြည်သူတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာမျိုးရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာလည်း လဝါးကျေးရွာမှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်လို့ ကားလမ်းပိုင်း ယာယီပိတ်ထားတာတွေရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

"ဟိုနေ့ကလိုပေါ့ တိုက်ပွဲတွေဖြစ်ရင်တော့ ကားလမ်းပိတ်တာမျိုးရှိတယ်။ အဲ့လိုမျိုးဖြစ်လာရင်တော့ ဆက်သွားလို့မရဘူး ပြန်ဖွင့်တဲ့ထိ စောင့်ယူရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ကားလမ်းပိတ်ထားတဲ့ အခြေအနေတွေမှာတော့ ခရီးသည်တွေအနေနဲ့ နမ္မတီး၊ လဝါးနမ်ဖြတ်၊ ဘန်ကောက် စတဲ့ကျေးရွာတွေမှာ ညအိပ်ရတာမျိုးရှိတယ်လို့ သိရပါတယ်။

တနိုင်း- မြစ်ကြီးနား ကားလမ်းပိုင်းက လဝါးကျေးရွာမှာထိုင်ထားတဲ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က မတ်လ ၁၄ ရက်နေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...