တိုက်ပွဲမရှိဘဲ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး

တိုက်ပွဲမရှိဘဲ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာကို မနေ့ ဧပြီလ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ် ၃ လုံးပြာကျကာ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးခဲ့ရတယ်လို့ တီးတိန်ဒေသခံတွေဆီကနေ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “မနေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ်။ ကလေး ၅ နှစ်ရွယ်၊ ၁၀ နှစ်အရွယ်အပါအဝင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားတယ်။ နေအိမ်တွေလည်း ၃ လုံးလောက် ပြာကျသွားတယ်။ အိမ် ၁၀ အိမ်ကျော်လောက်ကတော့ ပျက်စီးသွားတယ်” လို့ Chin World Media ကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ် မူကြိုတက်နေတဲ့ Tg Suan Deih Sian ၊ ၁၀ နှစ်အရွယ် Lian Cing Sian Nuam ၊ ၁၄ နှစ်အရွယ် Tg Kim Deih Piang ၊ ၁၇ နှစ်အရွယ် Tg Kham Mun Van ၊ ၄၀ နှစ်အရွယ် Nu Cing Sen Don ၊ ၄၃ နှစ်အရွယ် Pa Pau Sian Kham တို့ သေဆုံးခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း နောက်ထပ် ဒဏ်ရာရတဲ့ ဒေသခံတစ်ဦးကိုလည်း ကလေးမြို့ကို ပို့ထားပြီး ဒဏ်ရာပြင်းထန်လွန်းတာကြောင့် မျော်လင့်ချက် သိပ်မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမရှိဘဲ ည ၁၁ ဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တီးတိန်ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြရပါတယ်။

Most read this week

December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...