တိုက်ပွဲမရှိဘဲ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး

တိုက်ပွဲမရှိဘဲ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာကို မနေ့ ဧပြီလ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ် ၃ လုံးပြာကျကာ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးခဲ့ရတယ်လို့ တီးတိန်ဒေသခံတွေဆီကနေ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “မနေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ်။ ကလေး ၅ နှစ်ရွယ်၊ ၁၀ နှစ်အရွယ်အပါအဝင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားတယ်။ နေအိမ်တွေလည်း ၃ လုံးလောက် ပြာကျသွားတယ်။ အိမ် ၁၀ အိမ်ကျော်လောက်ကတော့ ပျက်စီးသွားတယ်” လို့ Chin World Media ကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ် မူကြိုတက်နေတဲ့ Tg Suan Deih Sian ၊ ၁၀ နှစ်အရွယ် Lian Cing Sian Nuam ၊ ၁၄ နှစ်အရွယ် Tg Kim Deih Piang ၊ ၁၇ နှစ်အရွယ် Tg Kham Mun Van ၊ ၄၀ နှစ်အရွယ် Nu Cing Sen Don ၊ ၄၃ နှစ်အရွယ် Pa Pau Sian Kham တို့ သေဆုံးခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း နောက်ထပ် ဒဏ်ရာရတဲ့ ဒေသခံတစ်ဦးကိုလည်း ကလေးမြို့ကို ပို့ထားပြီး ဒဏ်ရာပြင်းထန်လွန်းတာကြောင့် မျော်လင့်ချက် သိပ်မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမရှိဘဲ ည ၁၁ ဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တီးတိန်ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြရပါတယ်။

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...