ဟုမ္မလင်းစစ်ဘေးရှောင်တချို့ နေရပ်ပြန်ချိန် ခွေးရူးအန္တရာယ်ပါ ရင်ဆိုင်နေရ

ဟုမ္မလင်းစစ်ဘေးရှောင်တချို့ နေရပ်ပြန်ချိန် ခွေးရူးအန္တရာယ်ပါ ရင်ဆိုင်နေရ

ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ရသူတွေဟာ နေရပ်ပြန်ချိန်မှာ ခွေးရူးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဥရုချောင်းကမ်းဘေးနဲ့ ချင်းတွင်းမြစ် ကမ်းဘေးရှိ ကျေးရွာများမှ စစ်ဘေးရှောင်တွေဟာ အခုလို အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“မော်တော်ယာဉ်တွေ ကမ်းလာကပ်ရင်တောင် လူကို လိုက်ဆွဲကြတော့တာဗျ ရွာတွေကို ပြန်မယ်ဆိုရင်တောင်မှ ပစ္စည်းပြန်သွားသယ်ယူမယ်ဆိုရင်တောင်မှ ဒီခွေးတွေရဲ့ အန္တရာယ်ကို စိုးရိမ်နေရပြီ။ လူတွေကို အန္တရာယ်မပြုသည့်တိုင် ဒီခွေးတွေဟာ တောရိုင်းတိရိစ္ဆာစိတ် ပေါက်နေကြပြီ” လို့ ဟုမ္မလင်းမြို့သို့ စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေဟာ စိုက်ပျိုးမွေးမြူရေးနဲ့ စားသောက်ရေးအတွက် မွေးမြူတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊နွား၊ ဝက်၊ ကြက်၊ ဘဲ တွေကို ထားရစ်ခဲ့ရတာပါ။

သေဆုံးသွားသည့် တိရစ္ဆာန်များကို ခွေးများက စားသောက်ကြတာဖြစ်ပြီး ခွေးများလည်း တောရိုင်းတိရစ္ဆာန်တွေလို ဖြစ်လာနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“သေနတ်တွေမှန်၊ ဗုံးစတွေမှန်တဲ့အခါ ပြီးတော့ ခွေးတွေက အစာကြွေးမယ့်သူလည်း မရှိတဲ့အခါကျတော့ ကျန်နေရစ်ခဲ့တဲ့ ကျွဲနွားတို့ ဘဲ၊ ကြက်၊ ဝက်တွေ စားတဲ့အခါ အဲ့အသားစားရတဲ့အရသာကို ကြိုက်သွားကြပြီ” လို့ မြင်သာကျေးရွာ စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။

နွေဦးရာသီမှာ ခွေးရူးရာသီဖြစ်လာနေပြီး ခွေးရူးကာကွယ်ဆေးတွေဟာလည်း  စျေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် ဒီလို ခွေးရူးပပျောက်ရေးကို ဒေသအာဏာပိုင်တွေက စီမံချက်တစ်ရပ်ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နမ့်တောဒေသမှာ  ခွေးရူးကာကွယ်ဆေးတစ်လက်ဟာ ကျပ်ရှစ်သောင်းကျော်အထိရှိနေပြီး ဆေးဝါးတွေလည်း ရှားပါးနေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာ နှစ်ဆယ်ဝန်းကျင်က ဒေသခံ ထောင်နှင့်ချီဟာ စစ်ဘေးရှောင်နေရတာ တစ်နှစ်ကျော် ကြာမြင့်လာပြီး နေရပ်မပြန်နိုင်ကြသေးကြောင်း သိရပါတယ်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...