လွိုင်ကော်မြို့မှာ မတ်လအတွင်း မိုင်းနင်းမိပြည်သူ ၅ ဦးရှိပြီး ၂ ဦးသေဆုံး

လွိုင်ကော်မြို့မှာ မတ်လအတွင်း မိုင်းနင်းမိပြည်သူ ၅ ဦးရှိပြီး ၂ ဦးသေဆုံး

ကရင်နီပြည်၊ လွိုင်ကော်မြို့‌ပေါ်ရပ်ကွက်မှာ မတ်လအတွင်း မိုင်းနင်းမိ ပြည်သူ ၅ ဦးရှိပြီး ၃ ဦး ထိခိုက်ဒဏ်ရာရကာ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

“ဒီလမှာတော့ ၅ ဦးလောက်ရှိမယ်ထင်တယ်။ အသက်က ၃၀ ကျော်၊ ကလေးက ၈ နှစ်နဲ့ ၁၀ နှစ်ဝန်းကျင်၊ ၅၀ ဝန်းကျင်ပေါ့နော်။ ၂ ဦးကတော့ အသက်ဆုံးရှုံးတာပေါ့နော်။ ၃ ဦးကတော့ ထိခိုက်တာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်က နေအိမ်ခြံဝန်းတစ်နေရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ စစ်ဘေးရှောင်ပြီး နေအိမ်ကို ပြန်လာနေထိုင်သူတွေ၊ နေအိမ်သန့်ရှင်းရေး ပြန်လုပ်ကြတဲ့ ပြည်သူတွေ မကြာခဏ မိုင်းနင်းမိကြတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်က ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁ လေးလုံး စစ်ဆင်‌ရေးတိုက်ပွဲကြောင့် နီးစပ်တဲ့ ရှမ်းပြည်နယ်နဲ့ တခြားနေရာဒေသကို တိမ်းရှောင်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် လွိုင်ကော်မြို့မှာ ပြန်လာနေထိုင်ကြသူ များပြားလာပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို ဒေသခံတွေက စိုးရိမ်မှုရှိနေကြပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ မြေမြှုပ်မိုင်းကြောင့် ကရင်နီပြည်မှာ ထိခိုက်သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ IEC က ပြောဆိုထားပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...