တနင်္သာရီ စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲကြောင့် စိတ်ဖိစီးမှု ခံစားနေရ

တနင်္သာရီ စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲကြောင့် စိတ်ဖိစီးမှု ခံစားနေရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ သိန်းခွန်းကျေးရွာအုပ်စုနှင့် ထုံမခါရွာ၊ သဘော့လိပ်ငယ်ရွာများမှ စစ်ရှောင်နေရသော ‌ဒေသခံများသည် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်နေကြရသည့်အတွက် စိတ်ဖိစီးမှုများ ခံစားနေရသည်ဟု စစ်ရှောင်ကူညီနေသူများထံမှ သိရသသည်။

ဒေသခံစစ်ဘေးရှောင်များအနေဖြင့် တိမ်း‌ရှောင်နေရသည့် အချိန်ကာလ ကြာမြင့်လာသသည့်အပြင် လတ်တလောတွင် အလုပ်အကိုင်များလည်း မရှိသောကြောင့် ဝင်ငွေ၊ ထွက်ငွေ မညီမျှမှုများ ဖြစ်ပေါ်နေ၍ စစ်ဘေးရှောင် အမျိုးသမီးအများစုမှာ စိတ်ကျရောဂါ ခံစားနေကြရကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “တိုက်ပွဲတွေ လေကြောင်းရန်တွေ ရှိနေတော့ အမျိုးသားတွေက အလုပ်သွားမရတဲ့အခါ အမျိုးသမီးတွေက ရှေ့ရေး နှောင်ရေး စဥ်းစားရင်းနဲ့ ပိုပြီးတော့ စိတ်ကျရောဂါတွေ ဖြစ်လာတာကို တွေ့ရတယ်။ အလုပ်လည်းမရှိ ရိက္ခာတွေလည် နည်းလာပြီး ဝင်ငွေလည်းမရှိတော့ ဘာဆက်လုပ်ရမလဲ။ ဘာစားရမလဲ။ ဒီဟာ စဥ်းစားရင်းနဲ့ စိတ်တွေ ညစ်လာပြီး စိတ်ဓာတ်ကျတဲ့ ရောဂါရတယ်ပေါ့“ ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် သိန်းခွန်းကျေးရွာအုပ်စုမှ ဒေသခံ ၁၇၀၀ ဦးကျော်ရှိပြီး အဆိုပါ စစ်ရှောင်စခန်းမှ ပြည်သူများမှာ စိတ်ဖိစီးမှု ခံစားနေရသည့်အခြေအနေနှင့် ပတ်သက်၍ စစ်ရှောင်အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“နေရေးထိုင်ရေးကလည် ကိုယ့်နေရာဒေသမဟုတ်တော့ မလွတ်လပ်ဘူးပေါ့နော်။ တစ်ခုခုလုပ်ရင်လည်း တားမြစ်တာတွေ ရှိတဲ့အခါကျတော့ စိတ်ဆင်းရဲတယ်။ တိုက်ပွဲဖြစ်တဲ့ကြားကနေ ပြေးလာခဲ့ရ‌တော့ တစ်ဖက်က စားဝတ်နေရေးအတွက် အခက်အခဲ အစုံပဲရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ  စစ်ရှောင်စခန်း အနီးဝန်းကျင်တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့်  လက်နက်ကြီးနှင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲ ဖြစ်သောကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ လုံခြုံသည့် နေရာများသို့ စခန်း အပြောင်းအရွှေ့များ ပြုလုပ်နေရကြောင်း စစ်ဘေးရှောင် အနီးကပ် ကူညီနေသူများထံမှ သိရသည်။

ယခုလို ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည့် စစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင်  တောတောင်အတွင်း နေထိုင်ကြရသည့်အတွက် နေရာထိုင်ခင်း လိုအပ်ချက်များဖြစ်သော ခြင်ထောင်၊ တာလပါ၊ မိုးကာများအပြင် အမျိုးသမီးများအတွက် လစဥ်သုံးပစ္စည်များ အရေးပေါ် လိုအပ်နေသည်ဟု ဒေသတွင်း စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့များထံမှ သိရသည်။

Photo: CJ
April 7, 2026
ကရင်ပြည်နယ်ကိုဖြတ်သန်း၍ မြဝတီနယ်စပ်အထိ ဖောက်လုပ်ထားသော အာရှလမ်းမကြီး တောင်ပေါ်လမ်းပိုင်းနေရာ(၄)...
April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...