စစ်ကောင်စီက လေကြောင်းကနေ စားနပ်ရိက္ခာ၊ ကျည်ဆန်တွေ လာချပေးနိုင်နေတဲ့ အနေအထားကြောင့် ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ဖို့ အချိန်ကြာမြင့်နေ

စစ်ကောင်စီက လေကြောင်းကနေ စားနပ်ရိက္ခာ၊ ကျည်ဆန်တွေ လာချပေးနိုင်နေတဲ့ အနေအထားကြောင့် ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ဖို့ အချိန်ကြာမြင့်နေ

စစ်ကောင်စီက လေကြောင်းကနေ စားနပ်ရိက္ခာ၊ ကျည်ဆန်တွေ လာချပေးနိုင်နေတဲ့ အနေအထားအပြင် တပ်စခန်းလည်းများတာကြောင့် ဗန်းမော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ အချိန်ကြာမြင့်နေတာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့အတွင်းက စစ်ကောင်စီတပ်တွေကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ ဒီဇင်ဘာလ ၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ၃ လကျော်ကြာမြင့်တဲ့ ဒီကနေ့အချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲလည်း ဖြစ်ပါတယ်။

ဗန်းမော်မြို့ဘက်မှာ နေ့တိုင်းလိုလို တိုက်ပွဲရှိနေဆဲဖြစ်တဲ့အပြင် စကခ ၂၁ ဘက် စစ်ရေးတင်းမာနေဆဲ အခြေအနေသာမက စစ်ကောင်စီဘက်ကလည်း လေယာဉ်၊ ဒရုန်းနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"စကခ ရုံးအခြေစိုက်ရာလည်း ဖြစ်တယ်။ မြို့ကြီး တစ်မြို့လည်း ဖြစ်တယ်။ စစ်ကောင်စီ တပ်စခန်းလည်း အရမ်းများတယ်။ တပ်ရင်းလည်း အရမ်းများတယ်။ ဗန်းမော်က မြို့သိမ်းတိုက်ပွဲဆိုတော့ ပိုပြီးမှ ခက်တာပေါ့။ နောက်တစ်ခုက စစ်ကောင်စီဘက်က လေယာဉ်နဲ့ အတားအဆီးမရှိ လွတ်လွတ်လပ်လပ် စားနပ်ရိက္ခာ၊ ကျည်ဆန်တွေ လာချပေးလို့ရတယ်။ အဲဒီလို အခြေအနေတွေကြောင့် ခက်တာပေါ့" လို့ ဆိုပါတယ်။

လက်ရှိအချိန်မှတော့ စစ်ကောင်စီဘက်က‌ မြေပြင်အဆက်အသွယ်မရှိတော့ဘဲ လေယာဉ်နဲ့လာချပေးတဲ့ အစားအသောက်တွေ၊ လက်နက်၊ ကျည်ဆန်တွေကိုပဲ အဓိကထားပြီးတော့ ခုခံနေတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မှာရှိတဲ့ စကခ ၂၁ တပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းအရ သိရတာပါ။

KIA ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဗန်းမော်မြို့က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ၃၆၆ ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ အပြီးအစီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ ကန်တော်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း အပြီးအစီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဗန်းမော်အမြောက်တပ် ၇၀၀၆ တပ်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သလို ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ လေတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

 ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ ခလရ  ၂၃၆ သိမ်းပိုက်နိုင်ခဲ့ပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေကနေ ဗန်းမော်မြို့ နေရာအများစုကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...