ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရွာ ၄ ရွာရှိ အိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး

ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရွာ ၄ ရွာရှိ အိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး

ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုအပြင် မီးရှို့မှုများကြောင့် မတ်လ ၃ ရက်နေ့ထိ မြို့ပြင်ရှိ ကော့နွဲ၊ တတန်ကူး၊ ရန်ကုတ်နှင့် ဆင်ကုန်း စသည့် ကျေးရွာ ၄ ရွာမှ ပြည်သူပိုင်နေအိမ် ၁၀၀ လုံးကျော် မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ပြင် တတန်းကူးကျေးရွာရှိ ရွှေကြက်မင်းဘုန်းကြီးကျောင်း၌ စခန်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့ ကို တော်လှန်ရေးပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် အဆိုပါ ရွာအပြင် အနီးတဝိုက်ရွာများရှိ နေအိမ်များကို ယခုလို ပစ်ခတ်၊ မီးရှို့နေခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်က ယခုလိုပြောသည်။

“ကော့နွဲ့လည်း အိမ်ခြေ ၃၀ ကျော်၊ ၄၀ လောက် လောင်နေပြီ၊ နေ့တိုင်းဆိုတော့ ကုန်သလောက်ပဲ၊ ကော့နွဲ့က ရွာကုန်လောက်ပြီ။ တတန်ကူးက ရွာသားကိုယ်တိုင်ပြောတာ ၂၈ လုံး လောင်တာကနေ အခု အိမ်တွေ ၃၈ လုံး ကုန်သွားပြီးလို့ ပြောလာတယ်။ ဆင်ကုန်းရွာနဲ့ ရန်ကုတ်ရွာဘက်ကတော့ အိမ်တွေ ရာဘာခြံတွေ မီးလောင်တာ ကုန်သလာက်ဖြစ်နေပြီ။ အိမ်တွေအားလုံးပေါင်းရင် မြို့ပြင်မှာ အိမ်ခြေ တစ်ရာကျော်ပြီး၊ အခု ရွှေကြက်မင်းဘုန်းကြီးကျောင်းကို ဝိုင်းပိတ်ပြီး တိုက်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းတစ်လျှောက် ကျေးရွာများတွင် စစ်ကောင်စီတပ်ကများ ခံစစ်အသွင် စစ်ပြင်ဆင်ထားပြီး ဂျိုင်းတံတားမှ ကော့ကရိတ်မြို့ထိ စခန်းနှင့် တပ်ရင်းများသို့ အင်အားတိုးချဲ့ချထားမှု ရှိနေသည်ဟု မျက်မြင်သိထားသူ ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

“ကျုံဒိုး ၅၄၅/၅၄၆ တပ် ကိုးတိုင်၊ ခုနှစ်တိုင်၊ ငါးတိုင်၊ ချောင်းဖျား၊ နဘူးလမ်းခွဲ၊ ကမ္မရန်းရွာတွေကို စစ်ကြောင်းပတ်နေတယ်။ လက်နက်ကြီးနဲ့ ဂျိုင်းတံတားက ပစ်တယ်၊ ၅၄၅ တပ်က ပစ်တယ်။ ဒရုန်းနဲ့ ကင်းထောက်တယ်။ စစ်တပ်က ကော့ကရိတ်နဲ့ ဂျိုင်းလမ်းပိုင်းကို ဖြတ်တောက်လို့မရအောင် ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ စခန်းချထားတာ များလာတယ်” ဟု ၎င်း ဒေသခံက ပြောသည်။

ယခုလို စစ်ကောင်စီက ခံစစ်အသွင် ပြင်ဆင်မှုများရှိနေသလို အခြားတစ်ဖက်တွင်မှု စစ်မှုထမ်းဥပဒေဖြင့် အတင်းအကြပ် တပ်သားသစ်စုဆောင်းခံရပြီး ကော့ကရိတ် ရှေ့တန်းသို့ ပို့ဆောင်ခံရသူ တပ်သားသစ် ၁၀၀ ဦးဝန်းကျင် တော်လှန်ရေးတပ်များထံ လက်နက်ချ အလင်းဝင်မှုများရှိနေသည်ဟု မြေပြင် စစ်ကြောင်းတာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုထားသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...