ချောင်းနှစ်ခွမှာ စစ်ကောင်စီအဖွဲ့ ဖြုတ်ယူရောင်းစားမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပျက်စီး

ချောင်းနှစ်ခွမှာ စစ်ကောင်စီအဖွဲ့ ဖြုတ်ယူရောင်းစားမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပျက်စီး
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မွန်ပြည်နယ်၊ ကျိူက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေရဲ့ ဖြုတ်ယူရောင်းစားမှုကြောင့် နေအိမ် ၂၀၀ နီးပါး အကောင်းအတိုင်းမရှိတော့ဘဲ ပျက်စီးသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ပစ္စည်းအဟောင်း ရောင်းဝယ်သူတွေနဲ့ပေါင်းပြီး နေအိမ်တွေက သွပ်အမိုး၊ အိမ်တံခါးမ၊ ပြတင်းပေါက်၊ အိမ်တိုင်တွေကအစ ချွတ်ယူရောင်းစားမှုတွေ ကျူးလွန်နေတာပါ။

စစ်ကောင်စီပူးပေါင်းအဖွဲ့က နေအိမ်တွေကို စိတ်ကြိုတ် ဖြုတ်ယူရောင်းစားမှုအပေါ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကလည်း မပြောရဲကြသလို ရွာသားတွေကလည်း မြင်နေလျက်နဲ့ မပြောရဲကြတဲ့ အခြေအနေမှာရှိနေတယ်လို့ ဆိုကြပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတဲ့ ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ဒေသခံပြည်သူတွေကို ပြန်လည်နေထိုင်နိုင်ပြီလို့ အသိပေးထားတာပါ။

ဒါပေမဲ့ ဒေသခံအများစုဟာ ကျေးရွာထဲက ကျန်ရစ်ခဲ့တဲ့ နေအိမ်တွေ အခြေအနေပြန်ကြည့်တာ၊ သန့်ရှင်းရေးလုပ်ဖို့အတွက်သာ ပြန်လာခဲ့ကြကာ မူလစစ်ရှောင်အရပ်တွေမှာသာ ဆက်လက်နေထိုင်နေကြပြီး ကျေးရွာထဲ ပြန်လည်နေထိုင်တဲ့ အိမ်ထောင်စု ၅၀ ကျော်သာရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ချောင်းနှစ်ခွရဲစခန်းနဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၁၀၀ ကျော် တပ်စွဲထားပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး အချိန် တစ်လခွဲကျော်ကြာမြင့်ခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲကြောင့် ဒေသခံနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး လူဦးရေ ၃၀,၀၀၀ ကျော် စစ်ရှောင်ခဲ့ရပါတယ်။

Most read this week

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...