မြဝတီမြို့ကို စက်သုံးဆီ သယ်ဆောင်ရောင်းချခွင့် စစ်ကောင်စီ ပိတ်ပင်

မြဝတီမြို့ကို စက်သုံးဆီ သယ်ဆောင်ရောင်းချခွင့် စစ်ကောင်စီ ပိတ်ပင်
မြဝတီမြို့ကို စက်သုံးဆီ သယ်ဆောင်ရောင်းချခွင့် စစ်ကောင်စီ ပိတ်ပင်
မြဝတီမြို့ကို စက်သုံးဆီ သယ်ဆောင်ရောင်းချခွင့် စစ်ကောင်စီ ပိတ်ပင်

ထိုင်းနိုင်ငံရဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီဖြတ်တောက်မှုကြောင့် အခက်အခဲများစွာ ကြုံဆုံနေရတဲ့ နယ်စပ် မြဝတီမြို့ထဲကို ဘားအံ၊ မော်လမြိုင်မြို့ကနေတစ်ဆင့် အိမ်စီးကား ခရီးသယ်ကားတွေနဲ့ စက်သုံးဆီ သယ်ဆောင်လာတာတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသိမ်းယူ ဒဏ်ရိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် ထိုင်းအစိုးရအာဏာပိုင်တွေက ဖေဖော်ဝါရီ ၅ ရက်နေ့ကစလို့ မြဝတီ၊ ဘုရားသုံးဆူမြို့၊ တာချီလိတ်က နေရာဒေသ ၅ နေရာမှာ လျှပ်စစ်မီးနဲ့ လောင်စာဆီတွေ ဖြတ်တောက်လိုက်တဲ့အတွက် အဲဒီမြို့က ဒေသခံပြည်သူတွေဟာ အခက်အခဲများစွာ ကြုံတွေ့နေရတာပါ။

မြဝတီက ဒေသခံနယ်ခံလူထုတွေ အခက်ကြုံနေရတဲ့အချိန် ဘားအံ၊ မော်လမြိုင်မြို့တွေကနေ အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားတွေ စတဲ့ ယာဉ်တွေနဲ့အတူ သယ်ယူလာနေတဲ့ စက်သုံးဆီတွေကို ဘားအံမြို့အထွက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်နဲ့ ဂျိုင်း (ကော့ကရိတ်) တံတားမှာရှိတဲ့ စစ်ကောင်စီဂိတ်တွေမှာ တားမြစ်လိုက်ပြီး ဖမ်းဆီးသိမ်းယူနေတယ်လို့ ခရီးသွားလာသူတွေနဲ့ ကားသမားတွေက ပြောပါတယ်။

"ဘားအံနဲ့ မော်လမြိုင်ကဆီလည်း မြဝတီကို ပေးမတက်ဘူး။ ဘားအံ တောင်ကလေး ၂၀၂ ဂိတ်က စစ်သားတွေ ဆီပုံးတွေကို အကုန်ဆွဲချနေတာ။ ကျုံဒိုးအဝင် ဂျိုင်းတံတားမှာလည်း ဆီတွေကို ပိတ်ထားတယ်" လို့ ဖြစ်စဉ်ကို မျက်မြင်ကိုယ်တိုင်တွေ့နေရတဲ့ ခရီးသွားဒေသခံတွေက ပြောပါတယ်။

ဘားအံ၊ မော်လမြိုင်ကနေ လာရောက်တဲ့ စက်သုံးဆီတွေကို မြဝတီမြို့ခံတွေက အားထားအသုံးပြုနေရသလို ဆီဖြတ်တောက်မှုဖြစ်ပေါ်နေတဲ့ ရွှေကုက္ကိုလ်မြို့မှာနေထိုင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေကလည်း ဘားအံ၊ မော်လမြိုင်ကနေ မှောင်ခိုအောက်လမ်းတက်ရောက်လာတဲ့ စက်သုံးဆီတွေကို အားထားဝယ်ယူသုံးစွဲနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အရပ်သားပြည်သူတွေရဲ့ စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ပင်ထားပေမယ့် ကရင်နယ်ခြားစောင့်တပ် BGF၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC တို့ သယ်ယူပို့ဆောင်နေတဲ့ စက်သုံးဆီတွေကိုတော့ ဖမ်းဆီးအရေးယူခြင်းမရှိဘူးလို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မြဝတီမြို့ပေါ်မှာတော့ စက်သုံးဆီတွေကို ဈေးကြီးကြီးနဲ့ ပေးဝယ်သုံးနေရပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို မြန်မာနိုင်ငံ မြဝတီမြို့က ပြည်သူတွေက ကားတွေအများအပြားနဲ့ စက်သုံးဆီ သွားရောက်ဝယ်ယူနေတဲ့အတွက် အမှတ် (၁) ချစ်ကြည်ရေးတံထားထိပ်မှာ ယာဉ်တန်းများစွာ တန်းစီပိတ်ဆို့မှုလည်း ဖြစ်ပေါ်နေခဲ့တာပါ။

မဲဆောက်ဘက်ကို ကားတွေနဲ့ စက်သုံးဆီ သွားရောက်ဝယ်ယူပြီး မြဝတီကို ဈေးကြီးကြီးနဲ့ ပြန်လည်ရောင်းချတဲ့ဖြစ်စဉ်တွေလည်း လတ်တလောမှာ ဖြစ်ပေါ်နေပြီး အမှတ် (၁) ချစ်ကြည်ရေးတံထားထိပ် မြန်မာစစ်ကောင်စီဘက်က တံတားဖြတ်သန်းခွင့်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစကာ တစ်ရက်ကို ကားတစ်စီး တစ်ကြိမ်သာ ဖြတ်ခွင့်ရတော့မှာလို့လည်း ထုတ်ပြန်အသိပေးထားပါတယ်။

Most read this week

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...