မတူပီမြို့မှာ ပြန်လာနေထိုင်သူ ဒေသခံတွေ တစ်ဖြည်းဖြည်းတိုးလာပြီး လက်ရှိ ၂၀၀၀ ဝန်းကျင်ရှိလာပြီလို့ သိရ

မတူပီမြို့မှာ ပြန်လာနေထိုင်သူ ဒေသခံတွေ တစ်ဖြည်းဖြည်းတိုးလာပြီး လက်ရှိ ၂၀၀၀ ဝန်းကျင်ရှိလာပြီလို့ သိရ
မတူပီမြို့တွင်းတစ်နေရာ။
မတူပီမြို့တွင်းတစ်နေရာ။

ချင်းပြည်နယ်၊ မတူပီမြို့ကို ဒေသခံတွေ တဖြည်းဖြည်း ပြန်လာနေထိုင်ကြသလို လက်ရှိ လူဦးရေအားဖြင့် ၂ ထောင်ဝန်းကျင်လောက် ပြန်လာနေထိုင်နေပြီလို့ မတူပီမြို့ကို ထိန်းချုပ်ထားတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “လက်ရှိ မတူပီမြို့ကို ပြန်လာနေထိုင်တာ ၂၀၀၀ လောက်ရှိပြီ။ ပြန်လာနေကြဆဲဖြစ်တယ်။ တစ်ပတ်တစ်ပတ်ကိုလည်း လူဦးရေတိုးလာပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က မတူပီမြို့ပေါ်မှာ လူဦးရေ ၁ သောင်းခန့် နေထိုင်ကြောင်း သိရပါတယ်။

မနှစ် ၂၀၂၄ ခုနှစ်က မတူပီမြို့နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်ဟာ ၅ ထောင်ကျော်ရှိခဲ့ပြီး အဲဒီထဲက ၃ ထောင်ကျော်ဟာ နီးစပ်ရာရွာတွေမှာ ခိုလှုံခဲ့ရပြီး ကျန်တဲ့ ၂ ထောင်ကျော်ကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီကင်းစင်တဲ့ မတူပီမြို့တွင်း မိုင်းရှင်းလင်းရေးနဲ့ပတ်သက်လို့လည်း လူနေတဲ့နေရာတွေကိုတော့ မိုင်းရှင်းလင်းတာတွေပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့ မိုင်းရှိနိုင်သေးတာဖြစ်လို့ ရာနှုန်းပြည့် ရှင်းလင်းနိုင်ခြင်းမရှိသေးတဲ့ အခြေအနေလို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ဆက်ပြောပါတယ်။

မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) က မတူပီမြို့ အုပ်ချုပ်စီမံရေးတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...