ပလက်ဝကောင်စီ ထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာရေးအဖွဲ့ (CHO) က ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေး

ပလက်ဝကောင်စီ ထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာရေးအဖွဲ့ (CHO) က ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေး

CDM ချင်းဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းကျန်းမာရေးအဖွဲ့ (CHO) က မကြာသေးခင်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ပလက်ဝကောင်စီ ထိန်းချုပ်တဲ့ နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရွေ့လျားဆေးခန်းတွေ (Mobile Clinic) ဖွင့်လှစ်ကာ ဒေသခံတွေကို ဆေးကုသပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပလက်ဝဒေသခံတွေကို ချင်းကျန်းမာရေးအဖွဲ့ (CHO) အနေနဲ့ ငှက်ဖျားရောဂါပိုး ရှိ/မရှိ စစ်ဆေးတာတွေ၊ ငှက်ဖျားဆေးထောက်ပံ့တာတွေ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးတာအပြင် တခြား ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အထောက်အပံ့တချို့ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်မှာ ပလက်ဝကောင်စီရဲ့ ထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာရေးအဖွဲ့ (CHO) က ဆေးဝါးထောက်ပံ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလာနေပေမယ့် တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပလက်ဝ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပလက်ဝ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “CHO ကနေပြီးမှ သူတို့စီမံကိန်းအနေနဲ့ဝင်တာ အဲဒီသဘောဖြစ်တယ်။ နောက်ပြီး ကျနော်တို့ ပြည်သူ့ကျန်းမာရေးတွေနဲ့ ပေါင်းစပ်ပြီးမှ လက်လှမ်းမှီသလောက်ကို သူတို့ လုပ်ဆောင်နေတယ်လို့ သိရတယ်။ နောက်ပြီး ဆေးဝါးတွေ ထောက်ပံ့ပေးတယ်။ Volunteer  ဆရာ၊ ဆရာမတွေနဲ့  သူတို့ အတတ်နိုင်ဆုံး ကျနော်တို့ ပလက်ဝကောင်စီရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ လည်ပတ်နေတယ်ဆိုတာ ပြောလို့ရပါတယ်။ နောက်ပြီး  ဒီထက်ကျယ်ပြန့်တဲ့ အစီအမံတွေ ဝင်ပေးနိုင်ဖို့လည်း လိုအပ်သေးပါတယ်။ ဘာကြောင့်လည်းဆိုရင် ပလက်ဝတစ်မြို့နယ်လုံးကို ခြုံနိုင်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနိုင်ဖို့အတွက်က တော်တော်လေး လိုအုန်းမယ်ဆိုတာတော့ ပြောလို့ရတယ်။ ဒီထက်မက ကျယ်ပြန့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်ဆိုတာတော့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်က တိုက်ပွဲပဠိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအရလည်း အခက်အခဲများစွာရှိတဲ့ ဒေသဖြစ်သလို ဒေသအတွင်း ဆေးဝါးဝယ်ယူစရာ ရှားပါးတာနဲ့ ကျန်းမာရေးဝန်ထမ်း နည်းပါးတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ဒီထက်မက လိုအပ်နေသေးတဲ့ ဒေသဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတွေ ပြောပြချက်အရ သိရပါတယ်။

March 20, 2026
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူ တရပ်လုံးအနေဖြင့် အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်ဖြင့်...
March 17, 2026
နိုင်ငံတကာကလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့...
March 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရတဲ့...
March 14, 2026
ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ...