ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားမှု ပြဿနာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားမှု ပြဿနာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

ရှမ်းမြောက်ဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားတွေကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှု ပြဿနာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ရှမ်းမြောက်က ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ တပ်မဟာက လူကြီးတွေ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"တပ်မဟာ ၄ ၊ ၆ ၊ ၁၀ ဘက်က လူကြီးတွေနဲ့ ဆွေးနွေးဖို့ အစီအစဉ်လည်း ရှိပါတယ်။ ဆွေးလည်း ဆွေးနွေးနေပါတယ်။ ဖြစ်တဲ့နေရာကတော့ မုံးကိုးဘက်မှာလည်းဖြစ်တယ်။ နောက် ဒီမာ၊ နမ့်အွမ်၊ နမ့်ဖတ်ကာ၊ မုံးဝီး အဲဒီနေရာဘက်မှာ ဖြစ်ကြတယ်။ သုံးလေးခုနေရာမှာ ဖြစ်တယ်လို့ သတင်းပို့လာတာ ရှိပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

လတ်တလောအခြေအနေအရ KIA ထိန်းချုပ်ရာတပ်မဟာ ၆ နယ်မြေက ဒီမာဒေသဘက်အပြင် နမ့်အွမ်၊ နမ့်ဖတ်ကာ၊ မုံးဝီး၊ မုံးကိုး စတဲ့ နေရာဒေသတွေဘက်မှာ KIA နဲ့ TNLA လက်အောက်ခံတပ်သားတွေ အချင်းချင်း အင်းအားပြ အငြင်းပွားမှုတွေ ဖြစ်ပွားနေတာပါ။

မနေ့က ဇန်နဝါရီ ၂၆ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ ရုပ်သံတစ်ခုမှာတော့ TNLA တပ်သား အင်အား ၁၀၀ ကျော်လောက် ဒီမာဒေသဘက် အင်အားပြ ချီတက်လာချိန် နမ့်ဖတ်ကာနဲ့ နမ့်အွမ်ဘက်မှာရှိတဲ့ KIA ဂိတ်တွေကနေ တားဆီးရင်း နှစ်ဖက်တပ်သားတွေ အချင်းများနေကြတာကို တွေ့ရှိရပါတယ်။

KIA ဂိတ်မှာ တားဆီးရင်း နှစ်ဖက်တပ်သားတွေ အပြန်အလှန် ထိုးကြိတ်တာနဲ့ ရိုက်နှက်တာတွေရှိခဲ့ပေမဲ့ သေနတ်ပစ်ဖောက်တာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရလည်း သိရပါတယ်။

အဲဒီ ရှမ်းမြောက်ဒေသ နယ်မြေအငြင်းပွားမှု ပြဿနာတွေဟာ အာဏာမသိမ်းခင်ကာလကတည်းက ရှိနေတာဖြစ်ပြီး အခုနောက်ပိုင်းမှာလည်း အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပွားလာတာပါ။

April 11, 2026
ကချင်ပြည်နယ်အတွက် အဆိုပြုထားတဲ့ ဝန်ကြီး ၇ ယောက်နဲ့ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့...
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
April 10, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်နဲ့ အဖွဲ့...
ပုံဟောင်းဖြစ်ပါသည်
April 8, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ရှမ်းမြောက် ဒေသထဲ...
April 7, 2026
စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ...