ရွှေစက်တော်ဘုရားပွဲတော် ဖွင့်လှစ်နိုင်ဖို့ ဈေးသည်တွေကို စစ်ကောင်စီ ဖိအားပေး

ရွှေစက်တော်ဘုရားပွဲတော် ဖွင့်လှစ်နိုင်ဖို့ ဈေးသည်တွေကို စစ်ကောင်စီ ဖိအားပေး

မင်းဘူး ရွှေစက်တော်ဘုရား ဖွင့်ဖို့အတွက် စျေးသည်တွေကို စစ်ကောင်စီ ဖိအားပေးခိုင်းစေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့ကစလို့ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်နေ့အထိ ဖွင့်လှစ်ထားမယ့် ရွှေစက်တော်ဘုရားပွဲမှာ စျေးလာရောင်းကြဖို့ ဖိအားပေးခေါ်ယူနေတာပါ။

"စာရင်းထဲမှာ မှတ်ထားမယ်ပေါ့။ အခုလာမရောင်းရင် နောက် မမျှော်လင့်နဲ့လို့ ပြောတယ်။ ပြီးတော့ တည်းကျောင်းခတွေလည်း စျေးအတော်မြှင့်ပြီး ကောက်ထားတယ်လို့ ကြားတယ်" လို့ ဘုရားပွဲ စျေးသည်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တည်းခိုဆောင်နဲ့ စျေးဆိုင်တွေအတွက် ကျပ်သိန်း ရာချီပေးရမှာဖြစ်ပြီး ယခင်ဘုရားပွဲတော်က စျေးသည်တွေကို မရမက လိုက်လံခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစျေးသည်တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ဖြစ်ပွားထားတဲ့ တိုက်ပွဲတွေနဲ့ လက်ရှိ စစ်ရေးအခြေနေအပေါ် အသက်အန္တရာယ်စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုရားပွဲကို ဘုရားဖူးခရီးသည်တွေ လာရောက်ခြင်း မရှိမှာကိုလည်း စိုးရိမ်မှုတွေရှိနေတဲ့အတွက် စစ်ကောင်စီကို မလွန်ဆန်ရဲသူတွေသာ စျေးဆိုင်နဲ့ တည်းခိုဆောင်တွေကို လေလံနဲ့ ငှားရမ်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ရွှေစက်တော်ဘုရားပွဲကို ဘုန်းကြီးတစ်ပါးက ဦးစီးဆောင်ရွက်နေတာဖြစ်ပြီး ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သားတွေကို အဲဒီဘုန်းကြီးကိုယ်တိုင် ညွှန်ကြားနေတာဖြစ်တယ်လို့ ဘုရားပွဲစျေးသည်က ပြောပါတယ်။

ဘုရားပတ်ဝန်းကျင်မှာလည်း ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းငယ်တွေ ချထားပြီး လုံခြုံရေးကင်မရာတွေပါ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာတော့ တည်းခိုဆောင်နဲ့ စျေးဆိုင်ပေါင်း ၁၄၀ ကျော်ကို ဆောက်လုပ်ပြီးစီးပြီလို့ ကြေညာထားပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...