ကရင်နီပြည်က နေရာနှစ်ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

ကရင်နီပြည်က နေရာနှစ်ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

အာဏာသိမ်း ဒု–စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေချိန်မှာပဲ စစ်ကောင်စီက လွိုင်ကော်မြို့နယ်အတွင်းက ပဒါးညေးနဲ့ ဘုရားနီကျေးရွာ အနီးအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့ညမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားအတွက် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်ကို ရောက်နေချိန်မှာ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“အများစုက ဟိုဖက်ခြမ်းကို ပစ်သွားတာပေါ့နော်။ ဒီ မိုးဗြဲအစပ် လွိုင်ကော်အနောက်ဖက်အခြမ်း ဘုရားနီ၊ ပဒါးညေးဖက်ပေါ့နော်။ ဘုရားနီဖက်ကို လေယာဥ်လည်းကြဲတယ်။ လက်နက်ကြီးလည်း ပစ်တယ်။ ဒါပေမဲ့ အချက်အလက် မရသေးဘူး” လို့ ဦးဗညားက ဆိုပါတယ်။

ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်ခန့် စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က အခုလို ပြောပါတယ်။ အရပ်သားပြည်သူရှိရာနေရာတွေကို စစ်ကောင်စီက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က ဂျက်လေယာဥ်နဲ့ ဘုရားနီကျေးရွာ အနီးမှာ (၂) လုံး တစ်ကြိမ် ကြဲသွားတယ်။ ပဒါးညေးရွာ အရှေ့ဘက် (၃) လုံးပေါ့ တစ်ကြိမ် ကျဲသွားတယ်။ ထိခိုက်မှုမရှိခဲ့ဘူး” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင် လွိုင်ကော်မြို့က နေရာနှစ်ခုကို Brave Warriors for Myanmar (BWM) က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တယ်လို့ BWM က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလက်နက်ကြီး ပစ်ခတ်မှုက လွိုင်ကော်မြို့ အနီးပတ်လည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ မိုးဗြဲ နယ်စပ်မှာ ကျရောက်ခဲ့ပြီး စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေတဲ့ Job For Kayah က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်နက်ကြီးကျရောက်မှု အခြေအနေနဲ့ လူထိခိုက်သေဆုံးမှုကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စစ်ကောင်စီက ကရင်နီပြည် လွိုင်ကော်မြို့၊ ဒီးမော့ဆို အနောက်ဘက်ခြမ်း၊ ရှမ်း- ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ပီကင်း၊ လအိ၊ ဟန်ဘူးကျေးရွာ စတဲ့ အနည်းဆုံး ၇ နေရာကို လေကြောင်းနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ KTV ( ကာရာအိုကေဆိုင် ) တနေရာကို တွေ့ရစဥ် ( ဓာတ်ပို့-CJ )
March 24, 2026
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဖွင့်လှစ်ထားကြတဲ့ KTV (...
ဒီးမော့ဆိုအနောက်ခြမ်းက အခြေခံစားသောက်ကုန်တွေ ရောင်းချတဲ့ ဈေးတန်းကို တွေ့ရစဉ်
March 23, 2026
ကမ္ဘာ့အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အာရှနိုင်ငံတွေအပြင်၊ ကမ္ဘာ့နိုင်ငံတချို့တွေကိုပါ စီးပွားရေး...
March 21, 2026
ကရင်နီက စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူအတွက် အထောက်အကူပြုစေတဲ့ သဘာဝမြေဩဇာတွေကို...
March 20, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာတရွာမှာ ကယန်း ( ကခေါင်း ) မျိုးနွယ်စုတို့...