ဆီဆိုင်မြို့က ပအိုဝ်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့က ပအိုဝ်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ပအိုဝ်းလူမျိုးတွေနေထိုင်တဲ့ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၃ နာရီမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၄ ကြိမ်ခန့် လာရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်လာတာပေါ့နော်။ ၄ ကြိမ်လာကြဲသွားတယ်။ ၃ လုံးပေါက်ကွဲတယ် ၁ လုံးတော့မကွဲဘူး။ အဲ့ဒီပေါက်ကွဲတဲ့ထဲမှာမှ တောင်ယာကနေ ပြန်လာတဲ့ ပြည်သူ ၃ ဦးကို ထိမှန်သွားတယ်ပေါ့နော်။ အဲ့မှာ ၂ ဦးသေသွားတယ်။ သေသွားတဲ့ ပြည်သူ ၂ ဦးက သားအမိတွေဖြစ်ပါတယ်။ နှစ်ဦးစလုံး အမျိုးသမီးတွေဖြစ်ပါတယ်။ ဒဏ်ရာရတဲ့တစ်ဦးလည်း အမျိုးသမီးဖြစ်ပါတယ်“ လို့ ခွန်ရိန်းယံက ဆိုပါတယ်။

အဆိုပါ ဖြီကျွတ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတာမျိုးမရှိဘူးလို့ ခွန်ရိန်ယံက ပြောပါတယ်။

စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်းက ပအိုဝ်းကျေးရွာတွေကို နေ့စဥ်နဲ့အမျှ လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ စတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ခွန်းရိန်းယံက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ဆီဆိုင်မြို့ နဲ့ ၁၀ မိုင်ဝန်းကျင် အကွာအဝေးမှာရှိတဲ့ ရွှေတဂူစခန်းမှာ အထိုင်ချတဲ့ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ထားပါတယ်။

March 25, 2026
စောအယ်ကညော — မိုးတိမ်တွေ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးအောက်မှာ ထွန်စက်တွေနဲ့...
March 25, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ခဲဝယ်ယူသူတွေ နည်းပါးလာတာကြောင့် ခဲတွေကို...
ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ KTV ( ကာရာအိုကေဆိုင် ) တနေရာကို တွေ့ရစဥ် ( ဓာတ်ပို့-CJ )
March 24, 2026
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဖွင့်လှစ်ထားကြတဲ့ KTV (...
ဒီးမော့ဆိုအနောက်ခြမ်းက အခြေခံစားသောက်ကုန်တွေ ရောင်းချတဲ့ ဈေးတန်းကို တွေ့ရစဉ်
March 23, 2026
ကမ္ဘာ့အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အာရှနိုင်ငံတွေအပြင်၊ ကမ္ဘာ့နိုင်ငံတချို့တွေကိုပါ စီးပွားရေး...