ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ် ၂ သောင်းဝန်းကျင် ပေးဝယ်နေရ

ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ် ၂ သောင်းဝန်းကျင် ပေးဝယ်နေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂ သောင်းအထိ ပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ တစ်ဂါလံကို ကျပ် ၈ သောင်း ၂ ထောင်အထိရှိပြီး မနက်ပိုင်းတစ်ချိန်ပဲ အကန့်အသတ်တွေနဲ့ ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“တစ်လီတာရေသန့်တစ်ဘူး ၂ သောင်းကျော်တယ်။ ဆီက လိုသလောက်လည်း ဝယ်မရဘူး။ ဆီဆိုင်ကြီးနှစ် ဆိုင်ကတော့ မနက်ပိုင်းဆိုရင် ရောင်းပေးတယ်။ ပါဆယ်မရောင်းဘူး။ ကားထဲ လိုသလောက်တော့ ရောင်းပေး တယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တရုတ်နယ်စပ် ကံပိုင်တည်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေဟာ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြင့်တက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည် နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့် ပိတ်ခဲ့တာလို့ သိရပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် စက်သုံးဆီကိုမှီခိုပြီး ရပ်တည်နေကြရတဲ့ လုပ်ငန်းတစ်ချို့ ရပ်နားထားရပြီး အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

“ဆီဈေးတက်တော့ ဆိုင်ကယ်နဲ့ လုပ်စားနေတဲ့သူတွေ ဆိုင်ကယ်ကယ်ရီ၊ ဆိုင်ကယ်ဈေးသည်တွေ ပိုပြီးထိခိုက်တာပေါ့။ ကျောက်တူးကုမ္ပဏီတွေအတွက်တော့ အခုအချိန်ထိ မထိခိုက်သေးဘူး။ သူတို့က ဆီလှောင်ထားတာဆိုတော့ မထိခိုက်နိုင်သေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲ တင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့် အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှာ ဖော်ပြကြပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားမြို့က စက်သုံးဆီပန့်ဆိုင်တွေမှာ စက်သုံးဆီတွေ ပြန်လည်ရောင်းချပေးနေပြီဖြစ်ပြီး ၉၂ တစ်လီတာ ကျပ် ၁၃,၀၀၀ ဝန်းကျင် ပေးဝယ်နေရတယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...