ချင်းပြည်နယ် ဆမီးမြို့က အမျိုးသမီးတစ်ဦး မုဒိန်းပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရ

ချင်းပြည်နယ် ဆမီးမြို့က အမျိုးသမီးတစ်ဦး မုဒိန်းပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရ

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရကာ ဒေသခံတွေက သူမကို ဆမီးမြို့အနားမှာ ပြန်တွေ့လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ဆမီးမြို့ဒေသခံ အမျိုးသမီးဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီဝန်းကျင်လောက်မှာ ဟင်းထွက်ရှာစဉ် နေအိမ်ကို ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဆမီးမြို့အနားက စောချောင်းဝမှာ သူမကို မြက်ပင်တွေနဲ့ ဖုံးထားတာကို ရှာဖွေသူတွေက တွေ့ရှိခဲ့ကာ ဆမီးဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးပြောတာက “၂၂ ရက်နေ့က ထွက်ပြီး ၂၃ ရက်နေ့ မနက်မှတွေ့တာဖြစ်တယ်၊ တွေ့ကတည်းက အဝတ်ဗလာ၊ ရုန်းခတ်ဆန်ခတ် ဒဏ်ရာတွေနဲ့တွေအပြင် မအင်္ဂါမှာလည်း ဒဏ်ရာတွေ့တယ်တဲ့။ လက်ရှိ ဆမီးဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ် အသက်ရှုတာကလွဲရင် ကျန်တာဘာမှမသိဘူး၊ စကားလည်း မပြောနိုင်ဘူး။ သူက ကလေးသုံးယောက်မိခင်ပါ”လို့ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဆမီးမြို့ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်၊ အုပ်ချုပ်တဲ့ ဒေသလည်း ဖြစ်ပြီး အခုလိုဒေသခံအမျိုးသမီး မုဒိန်းပြုကျင့်ခံရတာနဲ့ ပတ်သက်လို့ AA ဖက်ကတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...