မင်းတပ်မြို့မှာ ၁၀ ရက်ဆက်တိုက် စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့မီးရှို့တာတွေကြောင့် မြို့ရဲ့နေရာတော်တော်များမှာ မီးလောင်ပြာကျ

မင်းတပ်မြို့မှာ ၁၀ ရက်ဆက်တိုက် စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့မီးရှို့တာတွေကြောင့် မြို့ရဲ့နေရာတော်တော်များမှာ မီးလောင်ပြာကျ

ချင်းပြည်နယ်မင်းတပ်မြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အချိန်ထိ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့မီးရှို့တာတွေကြောင့် မြို့ရဲ့နေရာတော်တော်များမှာနေအိမ်တွေမီးလောင်ပြာကျပျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီက မင်းတပ်မြို့ ၂ မိုင်နဲ့ ၃ မိုင်အနီးက နေအိမ်တွေကို မီးပုလင်းတွေအသုံးပြုပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းတွေကြောင့် နေအိမ်တွေအများအပြား မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်ဒေသခံတစ်ဦးက “နေအိမ်တွေကို စကစဘက်က မီးရှို့တာတွေ တောက်လျောက်လုပ်နေတယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် မီးလောင်တာရှိသလို သူတို့ရှို့တာတွေလည်း များနေပြီလို့ သိရတယ်၊ အတိအကျသိရဖို့က မသိရသေးဘူး။ မကြာခင် တာဝန်ရှိသူတွေဘက်ကလည်း တရားဝင်ထုတ်ပြန်လာလိမ့်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် CDF – Mindat နဲ့ မဟာမိတ်ပူးပေါင်းအဖွဲတွေက မင်းတပ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၈ ရက်နေ့ ညဦးပိုင်းလောက်က စတင်တိုက်ခိုက်ခဲ့တာလို့ သိရပြီး လက်ရှိမှာလည်း မင်းတပ်ရဲစခန်းနဲ့ ခလရ ၂၇၄ စစ်ကောင်စီခြေလျင်တပ်ရင်းအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း မြို့လက်မလွတ်ရရေးအတွက် လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ပြီး ခုခံနေတယ်လို့လည်း သိရပါတယ်။

မင်းတပ်မြို့လက်မလွတ်ရရေးအတွက် စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်းသုံးပြီး တစ်ရက်ကို ဗုံးရာချီ ကြဲချနေသလို မြို့ရဲ့နေရာတော်တော်များများလည်း မီးလောင်ပြာကျပျက်စီးသလောက်ဖြစ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က (CB Operation) ချင်းညီနောင်စစ်ဆင်ရေးကို မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဖော်ဆောင်နေတာဖြစ်ပြီး ယနေ့အချိန် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...