ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များ အခက်တွေ့

ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များ အခက်တွေ့

ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများက ပြောသည်။

စစ်တွေမြို့မှစစ်ဘေးရှောင် အိမ်ရှင်မတစ်ဦးက"ရွာထဲတွေမှာငှားနေတဲ့သူတွေမှာဆို တစ်သိန်းကနေတစ်သိန်းခွဲ၊ နှစ်သိန်းအဲလို အစားစားဈေးတက်လာတော့ တချို့ဆိုအိမ်ငှားမပေးနိုင်ဘဲ တခြားနေရာကို ပြောင်းသွားတဲ့သူရှိတယ်။ ရွာပြင်တွေမှာ အိမ်ဆောက်ပြီးနေကြတယ်။ ပြီးတော့ ကယ်ဆယ်ရေးမရတော့ ပိုဆိုးတယ်။ အဆင်ပြေမလား။ ရောင်းချစားသောက်ပြန်တော့လည်း ရောင်းသူကများတယ်။ ဝယ်သူကရှားတော့အဆင်မပြေဘူး။ ရှုံးတာများတယ်လေ" ဟုပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူများမှာ ရခိုင်ရှိ လွတ်မြောက်နယ်မြေများနှင့် ရန်ကုန်အပါအဝင်မြို့ကြီးတချို့တွင် စစ်ဘေးရှောင်လျက် နေထိုင်ကြသည်။

ရခိုင်ရှိ လွတ်မြောက်နယ်မြေများ၌ ခိုလှုံနေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူတို့အနက် တချို့သည် ဆွေမျိုးအသိမိတ်ဆွေများအိမ်တွင်နေထိုင်ကြသလို တချို့သည် အိမ်ငှားရမ်းနေထိုင်လျက်ရှိကြသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် အိမ်ငှားရမ်းခများဈေးမြင့်တက်လာ၍ တချို့သည် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်ကြရသည်ဟု သိရသည်။ တချို့သည်ရွာပြင်အနီးအနားတို့တွင် ယာယီတဲအိမ်ဆောက်၍ နေထိုင်လျက်ရှိကြောင်းလည်း မြောက်ဦးမြို့နယ်တွင်စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

မြို့အချို့တွင် အိမ်ငှားရမ်းခဈေးများမှာ ကျပ်ငွေ ငါးသောင်းမှ နှစ်သိန်းပတ်ဝန်းကျင်အထိ ရှိနေသော်လည်းအလုပ်အကိုင်မရှိသဖြင့် ရေရှည် အိမ်ငှားပြီးနေရန်မှာ မလွယ်ကူဟု ဆိုသည်။ အိမ်ငှားရမ်းခများ အဆမတန်ဈေးမြှင့်တက်နေ၍ စစ်ဘေးရှောင်များအနေဖြင့် အခက်တွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အိမ်ငှားခဈေးတက်တဲ့အပြင် လူအကန့်အသတ်နဲ့ ငှားတယ်။ တခြားလူလာနေလို့မရဘူး။ အိမ်ရှင်ကမကြိုက်ဘူးပေါ့။ လုံးချင်းအိမ်ဆိုရင် လေးသိန်းလောက်ပေးရတယ်။ အခုအချိန်မှာ အိမ်ငှားခတွေကို ဈေးလျှော့စေချင်တာပေါ့။ ပြီးရင် စားရေးသောက်ရေးကလည်း ကုန်ဈေးနှုန်းတွေတက်တော့ အဆင်မပြေကြဘူးလေ"ဟု ပြောသည်။

လက်ရှိတချို့မြို့များတွင် အိမ်ငှားခပေါက်ဈေးမှာ ကျပ်သုံးသိန်းမှ လေးသိန်းပတ်ဝန်းကျင်အထိ မြင့်တက်နေကြောင်း ၎င်းက ပြောသည်။

ရခိုင်မှ စစ်ဘေးရှောင်များအနက် အချို့သည် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် စစ်ဘေးရှောင်အဖြစ် ခိုလှုံနေထိုင်ခွင့်ရရှိသော်လည်း အချို့သည် နေရာအခက်အခဲကြောင့် အိမ်ငှားရမ်းနေထိုင်ရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

"အိမ်ငှားရမ်းခကတစ်လကို တစ်သိန်းခွဲနဲ့ တစ်မိုးရှိပြီ။ နောက်ထပ်ဘယ်လောက်ထိ နေရမလဲမသိနိုင်ဘူးလေ။ အဲဒီတော့ စာသင်ကျောင်းမှာ နေရာလေးတစ်နေရာတောင်းကြည့်တယ်။လူပြည့်နေလို့ အဆင်မပြေတော့ အိမ်ငှားနေရတာပေါ့" ဟုပြောသည်။

ထို့အတူ တခြားလွတ်မြောက်နယ်မြေမှ မြို့နယ်တို့တွင်လည်း စစ်ဘေးရှောင်များမှာ အိမ်ငှားရမ်းနေထိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် ကုန်ဈေးနှုန်းများအဆမတန်မြှင့်တက်လာသည့်အတွက် စားသောက်ရေးကိုပင် နှပ်မှန်အောင်လုံးပန်းနေကြရသည့် စစ်ဘေးရှောင်များတွင်အိမ်ငှားရမ်းခ ငွေကြေးအတွက်လည်းပဲ တဖန်ပူပင်နေရ၍ အလွန်အခက်အခဲဖြစ်နေကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

၂၀၂၄ ခုနှစ်၊ မေလက ရခိုင်မှ စစ်ဘေးရှောင်တချို့အား တွေ့ရစဥ်။

Most read this week

March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...
March 27, 2026
ခိုင်လူလှ (ရိုးမမြေ) — တရုတ်စီမံကိန်းကြီးမှာတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့်...
ယတြာချေသည့်အမှုကို ပြုလုပ်နေစဉ်။ (ပုံဟောင်းသာ)
March 26, 2026
အာရက္ခတပ်တော် (AA)နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် စစ်မျက်နှာ ၅ ခုစလုံးတွင် စစ်ကော်မရှင်တပ်သည်...
March 25, 2026
ရခိုင်ပြည်တွင် စစ်ကျန် မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရသူများ...