ကျောက်ဖြူလေဆိပ်တွင် ဒေသခံတစ်ဦးဖမ်းဆီးခံရပြီးနောက် မိသားစုနှင့်အဆက်အသွယ်မရ၍ စိုးရိမ်နေ

ကျောက်ဖြူလေဆိပ်တွင် ဒေသခံတစ်ဦးဖမ်းဆီးခံရပြီးနောက် မိသားစုနှင့်အဆက်အသွယ်မရ၍ စိုးရိမ်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့လေဆိပ်တွင် အသက် ၃၀ ကျော်အရွယ် ရခိုင်အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး လက်ရှိဖမ်းထားသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်သော်လည်း မိသားစုနှင့် အဆက်အသွယ်မရသဖြင့် စိုးရိမ်စရာနေရသည်ဟု ဆွေမျိုးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့နယ် စနဲမြို့မှ ဦးကျော်နိုင်ဝင်း (၃၅) နှစ် (ဘ) ဦးဝင်းဇော်(ခ) ဦးကျော်ဝင်း ဖြစ်ကြောင်း သိရသည်။

“သူက ရန်ကုန်ကို သွားမယ်ဆိုပြီး အိမ်ကထွက်သွားတာပါ။ ဒီလ ၄ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ကျောက်ဖြူလေဆိပ်ကို အဝင်မှာ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်လို့ သိရပါတယ်။ အခုအချိန်ထိ သတင်းအစအနမရတဲ့အတွက် စိုးရိမ်စရာဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရဟု ၎င်းက ပြောသည်။

“သူက သာမာန်လူတစ်ယောက်ပါ။ ဘယ်နိုင်ငံရေး၊ ဘယ်အဖွဲ့အစည်းနဲ့ မှ အဆက်အစပ်မရှိပါ။ ဒါကြောင့်သူ့ကို အပြစ်မရှိဆိုရင် စစ်ဆေးပြီးရင် ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်များကို တင်းတင်းကျပ်ကျပ် ကန့်သတ်ပိတ်ပင်ထားပြီး လေဆိပ်များတွင် မကြာခဏ ရခိုင်အမျိုးသားများကို အကြောင်းအမျိုးမျိုးပြပြီး  ဖမ်းဆီမှုများရှိနေကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...