မောင်တောမြို့နယ်တွင် ဆန်စျေးနှုန်းတင်ပြီးမရောင်းရန် AA က ညွှန်ကြားထားသဖြင့် ဆန်စျေးကျပြီး ပြည်သူများအဆင်ပြေနေ

မောင်တောမြို့နယ်တွင် ဆန်စျေးနှုန်းတင်ပြီးမရောင်းရန် AA က ညွှန်ကြားထားသဖြင့် ဆန်စျေးကျပြီး ပြည်သူများအဆင်ပြေနေ
Jet Tin Post/ မောင်တောမြို့ ဆန်စျေးကွက် ( ပုံဟောင်း)
Jet Tin Post/ မောင်တောမြို့ ဆန်စျေးကွက် ( ပုံဟောင်း)

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ကျေးရွာများတွင် ဆန်စျေးနူန်းများ စျေးတင်မရောင်းရန် အာရက္ခတပ်တော် (AA)က ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ယင်းသို့ ညွှန်ကြားထားသည့်အတွက်‌ ဒေသခံများဝယ်ယူစားသောက်ရာတွင် အဆင်ပြေကြသည်ဟု မောင်တောမြို့နယ်၊ ကျောက်လှေကား(မွတ်ဆလင်) ကျေးရွာမှ အမျိုးသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

“စစ်ရေးကာလမှာ ဝိသမလောဘစိတ်ဝင်ပြီး စီးပွားရေးအမြတ်မထုတ်ဖို့ အာရက္ခတပ်တော်က ညွှန်ကြားထားတယ်။ အရင်ကဆို စားဝတ်‌နေရေးကျပ်တည်းလို့ တောင်းစားတဲ့သူတွေရှိတယ်။ အာရက္ခတပ်တော်က စျေးနှုန်းထိန်းချုပ်ပြီးနောက်ပိုင်းမှာ တောင်းစားတာတွေ လျော့သွားတယ်” ဟု ပြောသည်။

ရိုးရိုးဆန်တစ်အိတ်ကို ငွေကျပ်ရှစ်သောင်းခွဲအထိသတ်မှတ်ထားပြီး ပေါ်ဆန်းမွှေးတစ်အိတ်ကို ငွေကျပ်တစ်သိန်းမှ တစ်သိန်းတစ်သောင်းအထိသာ ရောင်းချကြရန် သတ်မှတ်ထားကြောင်းသိရသည်။

တစ်အိတ်လျှင်ကျပ်တစ်သိန်းထက်တင်ရောင်းလိုပါက AA ထံတိုင်ကြားရမည်ဟု ညွှန်ကြားထားကြောင်းလည်း မောင်တောမြို့၊ ကညင်တောရပ်ကွက်မှ အမျိုးသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

“မိသားစုစားဝတ်နေရေး အဆင်မပြေတာတွေရှိပေမယ့် ဆန်စျေးနှုန်း စျေးအရမ်းမကြီးတော့ သက်သာတယ်လို့ပြောရမှာ။ အခုလို စျေးနှုန်းသတ်မှတ်နိုင်တဲ့အပေါ် ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ဒေသတွင်းစားသုံးနိုင်ရန် တိုက်ပွဲကြားမှ စပါးများစိုက်ပျိုးနိုင်ခဲ့သလို ကျောက်တော်နှင့် မြောက်ဦးဘက်ကလည်း ဆန်များဝင်ရောက်လျက်ရှိသည်ဟု သိရသည်။

ဆီ၊ ဆား၊ ငရုတ်သီးခြောက် စသည့်အခြေခံစားသောက်ကုန်များကို နယ်စပ်မှတစ်ဆင့် တင်သွင်းသဖြင့်ကုန်စျေးနှုန်းသက်သာကြောင်း ‌ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်တစ်ခုလုံးတွင် မွတ်ဆလင်၊ မြို၊ သက်နှင့် ရခိုင်လူမျိုး စစ်ဘေးရှောင် သိန်းနှင့်ချီရှိနေကြောင်း သိရသည်။

လက်ရှိမောင်တောမြို့အနီးတွင် နခခ(၅) နယ်ခြားစောင့်တပ်ရင်းနှင့် AA တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...