တောင်ကုတ်မြို့ပေါ်တိုက်ပွဲတွင်ကျဆုံးသွားခဲ့သည့် စစ်သားအလောင်း၂၀ ခန့်ကို စကခ(၅)သို့ ကားများဖြင့် သယ်ယူသွား

တောင်ကုတ်မြို့ပေါ်တိုက်ပွဲတွင်ကျဆုံးသွားခဲ့သည့် စစ်သားအလောင်း၂၀ ခန့်ကို စကခ(၅)သို့ ကားများဖြင့် သယ်ယူသွား
ဓာတ်ပုံ- နိုဝင်ဘာလ ၈ ရက်နေ့ညက တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် အာလိန်ငါးဆင့်ဘုရားတောင်ကုန်း/ ပေးပို့
ဓာတ်ပုံ- နိုဝင်ဘာလ ၈ ရက်နေ့ညက တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် အာလိန်ငါးဆင့်ဘုရားတောင်ကုန်း/ ပေးပို့

ရခိုင်ပြည်၊ တောင်ကုတ်မြို့ပေါ် ကိုင်းရှည်ရပ်ကွက် အာလိန်ငါးဆင့်ဘုရားတောင်ကုန်းအနီးဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းကျဆုံးသွားခဲ့သည့် စစ်သားအလောင်း နှစ်ဆယ်ခန့်အားစကခ( ၅)သို့ ကားများဖြင့် သယ်ယူသွားခဲ့သည်ဟု မြင်တွေ့လိုက်ရသည့် သတင်းရင်းမြစ်များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နိုဝင်ဘာ ၇ ရက်၊ ည ၇ နာရီခွဲမှ နိုဝင်ဘာ ၈ ရက်နံနက်အစောပိုင်းအထိ ကိုင်းရှည်ရပ်ကွက်မှ အာလိန်ငါးဆင့်ဘုရားတောင်ကုန်းနှင့် ဒုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်သည် အာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အာလိန်ငါးဆင့်ဘုရားအနီးတိုက်ပွဲတွင် အာလိန်ငါးဆင့်ဘုရားတောင်ကုန်းကို အကာကွယ်ယူတိုက်ခိုက်နေသည့်စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ခန့်အထိ သေဆုံးမှုရှိခဲ့သည်ဟု စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့်သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီစစ်သားအလောင်းနှစ်ဆယ်လောက် အာလိန်ငါးဆင့်ဘုရားနားကနေ ကားနဲ့သယ်ယူသွားတယ်။ စကခ၅ တပ်မထဲကို သယ်သွားတာ။သူတို့သယ်တာ မြင်နေရပါတယ်။ သင်္ဂြိုလ်ဖို့ ယူဆောင်သွားတယ်လို့ ပြောလို့ရပါတယ်" ဟု ပြောသည်။

တောင်ကုတ်မြို့ပတ်လည်တွင် ခံစစ်ပြင်ဆင်ထားသည့်လက်နက်ကြီးအထိုင်စခန်းအားလုံးကို AA ကသိမ်းပိုက်ပြီးနောက် တပ်ဆုတ်ခုခံနေသည့် စစ်ကြောင်းများကိုလိုက်လံတိုက်ခိုက်ရာမှအာလိန်ငါးဆင့်ဘုရားအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။  

လက်ရှိAAသည် စကခ(၅)ဌာနချုပ်နှင့်ခမရ(၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်းတို့ကိုလည်း ရှော့တိုက်ဒုံးများအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိနေပြီး စစ်ကောင်စီ တပ်ရင်းတပ်မများကလည်း လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေကြောင်း မြို့ခံများက ပြောသည်။

၎င်းပြင်စကခ (၅) နှင့်နှစ်မိုင်ဝန်းကျင်မြို့အနီးနေရာများတွင်တိုက်ပွဲ ပြင်းထန်စွားဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေရာ ဒုံကျေးရွာ၊ ကိုင်းရှည်ရပ်ကွက်များမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

AA သည် စကခ(၅)ဌာနချုပ်နှင့် လက်အောက်ခံ  အလားတူစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာ ကျေးရွာများသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု၊ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားများ ထိခိုက်ဒဏ်ရာရမှုရှိနေကြောင်း သိရှိရသည်။

July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...
July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...
July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...