ဆိပ်မူကျေးရွာက မီးလောင်ပျက်စီးသွားတဲ့နေအိမ်အရေအတွက်တွေကို KIA စာရင်းကောက်

ဆိပ်မူကျေးရွာက မီးလောင်ပျက်စီးသွားတဲ့နေအိမ်အရေအတွက်တွေကို KIA စာရင်းကောက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ  မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်အရေအတွက်များကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ဖွဲ့များက စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့ ကျေးရွာသားများထံမှ သိရပါတယ်။

“ပါသွားတဲ့အိမ်တွေကို သူတို့(KIA)က စာရင်းကောက်တယ်လို့ကြားတယ် ပြန်လည်ထူထောင်ရေးအတွက်ပေးချင်လည်းပေးမှာပေါ့ တချို့လည်း သူတို့ရှင်းလင်းရေးတွေ လုပ်နေကြတာ။” ဟု နေအိမ်မီးလောင်ကျွမ်းခဲ့တဲ့ ဆိပ်မူကျေးရွာသူတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီနဲ့  KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့်  လွန်ခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့က ကျေးရွာအတွင်းရှိရပ်ကွက် (၃)တစ်ရပ်ကွက်လုံးနီးပါးအပြင် ရပ်ကွက်(၄)က နေအိမ်တစ်ချို့တို့ နေအိမ်ရာနဲ့ချီ မီးလောင်ပြာကျပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။  

နေအိမ်မီးလောင်ကျွမ်းမှုထဲ မပါရှိခဲ့ပဲ စက်တင်ဘာလလယ်ကနေ စစ်ဘေးတိမ်းရှောင်သွားကြတဲ့ ဆိပ်မူဒေသခံအများစုကလည်း  ဒီရက်ပိုင်းတွေမှာ ကျေးရွာအတွင်းကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ ကျောက်စိမ်းပြန်လည်တူးဖော်မည့် ရာသီရောက်ရှိလာပြီဖြစ်တာကြောင့်  ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရပ်တန့်သွားပြီလည်း ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးပြောဆိုမှုကြောင့် လက်နက်ကိုင်နှစ်ဖွဲ့ကြား ဖားကန့်မြို့နယ်တစ်ခုလုံးမှာ  ၆ လကြာအောင် အပစ်ခတ်ရပ်စဲမှုတွေလုပ်မယ်လို့ ဒေသတွင်းမှာ ပြောဆိုမှုတွေ ရှိနေပါတယ်။

“ အခု ဆိပ်မူက အပစ်ခတ်ရပ်စဲရေးက ၆ လတဲ့ ၊ ဖားကန့်မြို့နယ်အတွင်းမှာ (၆)လအထိ သေနတ်သံမကြာချင်ဘူးလို့ပြောတယ်တဲ့ တရုတ်ကြီး(တရုတ်နိုင်ငံ) က။ ဆိပ်မူ မီးလောင်တဲ့ဟာတွေဟာတွေတော့ ပြန်ကြပြီ ၊ KIA ဘက်က စာရင်းတော့ ကောက်ထားပြီ ” လို့  ဆိပ်မူကျေးရွာသား ကျောက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

ဆိပ်မူကျေးရွာအတွင်းရှိ Lucky Men Hotel  တွင် စတင်ခဲ့တဲ့ စစ်ကောင်စီတပ် နှင့် KIA+PDF ပူးပေါင်းတပ်ဖို့တို့ကြားတိုက်ပွဲဟာ  တစ်လကျော်ကြာမြင့်ခဲ့ပြီး လက်ရှိ KIA က ဆိပ်မူကျေးရွာကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...
July 15, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ထီးချိုင့်မြို့ပေါ်  ရပ်ကွက်အချို့တွင်...
July 13, 2026
‘အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့’ မှ ခေါင်းဆောင် ကိုဝင်းဇော်အပါအဝင် ဒေသခံ...