မူဆယ်မြို့ ပိုင်ရှင်မဲ့ အလောင်း ပိုတိုးလာ

မူဆယ်မြို့ ပိုင်ရှင်မဲ့ အလောင်း ပိုတိုးလာ

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၅ လောင်းထပ်မနည်း တွေ့ရှိနေသည်ဟု စုံစမ်းသိရသည်။

မူဆယ်မြို့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပြင် ခိုးဆိုးလုယက် ဓားပြတိုက်မှုနှင့်အကြောင်းရင်းမသိ ပစ်ခတ် သတ်ဖြတ်မှု များလာသဖြင့် တစ်လနှင့်တစ်လ ပိုင်ရှင်မဲ့အလောင်း ထပ်မံတိုးပွားလာနေသည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်မြို့မှာ တစ်လနဲ့တစ်လ ပိုင်ရှင်မဲ့အလောင်းတွေ ပိုပိုတိုးလာတယ်။ တရားမဝင်တဲ့ လောင်းကစားလုပ်ငန်းတွေ မူးယစ်ဆေးဝါးလုပ်ငန်းတွေမကပဲ ခိုးဆိုးလုယက်၊ ဓားပြတိုက်တာရော၊ အကြောင်းမရှိ ပစ်ခတ် သတ်ဖြတ်တာတွေ ပိုများလာတာကြောင့်ပဲ လူသေအလောင်းတွေ ရှိလာတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၉ )ရက်တွင်လည်း မူဆယ်မြို့ရှိ ရွှေလီမြစ် သဲကျင်းအနီးတွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အလောင်း ၂လောင်းတွေ့ရှိခဲ့ပြီး ထိုအလောင်းကို မူဆယ်မြို့ ပရဟိတအသင်းမှ ရင်ခွဲရုံသို့ ပို့ဆောင်းပေးခဲ့ရကြောင်း သိရသည်။

“အရင်လက ၂၉ ရက်နေ့တောင် ပိုင်ရှင်မဲ့အလောင်း ၂ လောင်းထပ်တွေ့သေးတယ်။ ရွှေလီမြစ် သဲကျင်းအနီးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေနေကြတယ်။ ဘယ်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ပေးတာမရှိဘူး။ အဲအလောင်းတွေကို ပရဟိတအဖွဲ့တွေပဲ အမြဲတမ်းလာကူတယ် ရင်ခွဲရုံကို ပို့ပေးတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်)နေ့တွင်လည်း မူဆယ်မြို့၊ မန့်မိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့သည်ဟု စစ်ရေးနီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ မူဆယ်မြို့သည် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့စစ်များတည်ရှိသောမြို့လည်း ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...
February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...
February 27, 2026
ငွေညှစ် — သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ်...
February 26, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု...