နောင်ချိုတွင် နေ့စဉ်နှင့်အမျှ ဗုံးကြဲခံရပြီး စစ်ရှောင်များ စားနပ်ရိက္ခာ စိုးရိမ်ပူပန်

နောင်ချိုတွင် နေ့စဉ်နှင့်အမျှ ဗုံးကြဲခံရပြီး စစ်ရှောင်များ စားနပ်ရိက္ခာ စိုးရိမ်ပူပန်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်နေပြီး စစ်ရှောင်များ စားဝတ်နေရေးအတွက် စိုးရိမ်နေကြသည်ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။

နေ့စဉ်ဗုံးကြဲခံရသည့် နောင်ချိုမြို့ပေါ်နေ ပြည်သူ ၂ထောင်ကျော်သည် ၎င်းအနီးတဝိုက်ရှိ ကျေးရွာများရှိ ဆွေမျိုးအိမ်များ၊ စစ်ဘေးလွှတ်သည့် တောများ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်ချိုမြို့ထဲရော အနီးတစ်ဝိုက်မှာရော နေတိုက်တိုက်ပွဲတွေ ဖြစ်တယ်။ စစ်တပ်ကလည်း နေ့တိုင်းဗုံးလာကြဲတယ်။ အခုက ရွာတွေဘက်မှာ ရှောင်နေရတယ်။ အစားအသောက်အတွက်ကို ပိုစိတ်ပူနေရတယ်။ ကလေးတွေလည်းပါတယ် သက်ကြီးရွယ်အိုတွေရောပဲ။ စပါးသိမ်းချိန်ရောက်တာတောင် မပြန်ရဲဘူး ကြောက်နေရတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိကာလ အချိန်တွင် စပါးရိတ်သိမ်းရမည်အချိန်သာဖြစ်ပြီး ယခင် တိုက်ပွဲအခြေအနေကြောင့် စပါးပြန်လည်ရိတ်သိမ်းရန်အတွက်  စစ်ကောင်စီဗုံးကြဲမှာကို ကြောက်ရွံ့နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“အခုချိန်က စပါးရိတ်ချိန်ရောက်ပြီး စပါးတွေလည်း ရင့်ကုန်ပြီ တိုက်ပွဲတွေဖြစ်တော့ ဘယ်သူမှ မပြန်ရဲကြဘူး။ စပါးတွေစိုက်ပြီးတော့မှ ခု ငတ်နေကြတယ်။ ပါလာတဲ့ဆန်တွေနဲ့ပဲ လောက်အောင် စားသောက်နေရတယ်။ စပါးတွေလည်း အများကြီးရင်းပြီးစိုက်ရတာ ဒီတိုင်းပစ်ထားရင် ရှုံးကုန်တော့မှာ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာလ ၄ )ရက် ညနေ့ နေ့လယ် ၂ နာရီအချိန်တွင် နောင်ချိုမြို့ပေါ် ဘူတာရပ်ကွက်တွင် စစ်ကောင်စီထပ်မံ ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်အဆောက်အအုံး ၄ လုံးထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။

ယနေ့ (နိုဝင်ဘာ ၅)ရက်တွင် ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ မယ်ဟန်ရွာတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရသည်ဟု သိရသည်။

ဓာတ်ပုံ - နောင်ချိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်

လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...
April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...