နပခဌာနချုပ်၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို AA ဆက်လက်သိမ်းပိုက်

နပခဌာနချုပ်၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို AA ဆက်လက်သိမ်းပိုက်
ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ

အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး တပ်တစ်ခုဖြစ်သည့်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို အာရက္ခတပ်တော် (AA)မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်တစ်ခုက ”အဲဒီလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ခမရ ၃၇၃၊ ဆေးတပ်၊ စရဖ၊  ပြီးရင် လေကြောင်းရန် ကာကွယ်ရေးတပ်ရှိပါတယ်။ တောက်လျှောက်သိမ်းတာ။ အခု လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့လည်း အေအေလက်ထဲကျရောက်သွားပါပြီ”ဟု ပြောသည်။  

၎င်းလေကြောင်းရန် ကာကွယ်ရေးတပ်တွင် အဆင့်မြင့် နည်းပညာများဖြင့် လေယာဉ်များကို ထောက်လှမ်းနိုင်သည့် နည်းပညာဆိုင်ရာ ကိရိယာများတပ်ဆင်ထားသည့်အပြင် ဒရုန်းပျံသန်းမှုနှင့် ဆက်သွယ်ရေး ကိရိယာများကို ဖမ်းယူနားထောင်နိုင်သည့် စက်များလည်း ရှိသည်ဟု ဆိုသည်။   

"အဲဒီ လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်လိုက်တာအတည်ပြုလို့ရပါတယ်။ မဲတောင်ဖက်လမ်းကနေ နပခကို လာလိုရတဲ့ လမ်းတစ်လျှောက် ဘယ်စစ်ကောင်စီတပ်မှ မရှိတော့ဘူး။ အကုန်လုံး ကျသွားပါပြီ”ဟု ဆိုသည်။  

စစ်ကောင်စီ၏ အမ်းမြို့ရှိပတ်လည်စခန်းအများအပြားကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်သဖြင့် နပခဌာနချုပ်အတွက် ကာကင်းတပ်၄ ခုသာ ကျန်တော့သည်ဟုသိရသည်။

ယနေ့(နိုဝင်ဘာလ ၅ ရက်နေ့)တွင် အမ်းမြို့  ပဲပဒုံနှင့် ဒိုင်ကြီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် အမ်းမြို့ မကျရေးအတွက် စစ်ကူအင်အားအများအပြားကို ပို့ဆောင်ထားပြီး လေကြောင်းကနေ အပြင်းအထန် ခုခံနေသော်လည်း အေအေ၏ ထိုးစစ်ကို မတားဆီးနိုင်ဘဲ ဖြစ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

အာရက္ခတပ်တော်သည် လက်ရှိတွင်ခမရ (၃၇၃)၊ကုတင်၃၀၀ဆေးတပ်၊ကံ့ကော်တစ်ထောင်ဘုရား၊ပူလောင်တောင်ဘုရားကုန်း၊စရဖတပ်၊  နပခအနီးရှိ မိုက်ကရိုဝှေ့တောင်ကုန်း၊အမှတ်(၈) တိုက်စည်းကျောင်း၊ BEတပ်ရင်း၊သရက်ပင်တပ်စခန်း၊နတလဂိတ်များကိုသိမ်းပိုက်ထားပြီဟုသိရသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...